ကြိုတင်ကာကွယ် ငမြှောင်တောင်အန္တရာယ်❗

ပိုးတစ်ကောင်ကို ကာကွယ်နှိမ်နင်းနိုင်ဖို့အတွက်ဆိုရင် ထိုပိုးရဲ့သဘာဝနဲ့ကျရောက်မှုလက္ခဏာများကို ကြိုတင်သိထားဖို့လိုပါတယ်။ ဒါမှသာအချိန်မလွန်ခင် ထိရောက်အောင်

ကာကွယ်နှိမ်နင်းနိုင်မှာဖြစ်ပါတယ်။ “ဖော” ငမြှောင်တောင်မှာ… ဥအဆင့်>လောက်ကောင်အဆင့်၆ဆင့်>ပိုးရုပ်ဖုံးအဆင့်>အရွယ်ရောက်ကောင်ဖလံအဆင့် အဖြစ်ရှင်သန်ကြီး

ထွားကြပါတယ်။ အမသည် အပင်ခြေနားကအရွက်မျက်နှာပြင်မှာ ဥမြုံများကိုဥပါတယ်။ ဥမြုံတစ်ခုမှ ဥ(၁၀၀-၂၀၀)ခန့်ပါဝင်ပြီး အမွေးအမျှင်များနဲ့ဖုံးအုပ်ထားပါတယ်။

ဥ(၁၅၀၀-၂၀၀၀)ထိ ဥအုနိုင်ပါတယ်။ ဥမှပေါက်ခါစလောက်‌ကောင်အဆင့်မှာ အပင်ထိပ်ဖူးနဲ့ အရွက်ရဲ့အောက်မျက်နှာပြင်အစိမ်းရောင်အသားတွေကို ခြစ်စားပြီးညှိုးနွမ်းစေပါ

တယ်။ တတိယအဆင့်တွင် အပင်အညွန့်အတွင်းသို့ဝင်၍ အနှံမထွက်ခင် အဆိုးဆုံးဖျက်ဆီးပါတယ်။ အကောင်ကြီးတွေဟာ ပန်းပွင့်တွေရဲ့ဝတ်မှုန်တွေကိုစားသောက်ပြီး ညဘက်

တွင် စားသောက်နှုန်းပိုမြင့်ပါတယ်။

 ဖော ငမြောင်တောင်ကျရောက်ဖျက်ဆီးတဲ့သီးနှံပင်အမျိုးအစားပေါင်း (၈၀)ကျော်ရှိပါတယ်။ ပြောင်း၊ပြောင်းချို၊နှံစားပြောင်း၊ဘာလီ၊ဝါ၊စပါး၊ပဲပုတ်၊ကြံနဲ့ဂျုံ စတဲ့သီးနှံတွေမှာ ကျ

ရောက်ဖျက်ဆီးပါတယ်။ အကောင်အရေအတွက်တိုးပွားမှုဟာ အစားအစာ၊အပူချိန်၊စိုထိုင်းဆတို့အ‌ပေါ်မူတည်ပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ဆိုရင်… ✅သီးလှည့်

စိုက်စနစ်ကိုကျင့်သုံးပါ။ ✅ပေါင်းမြက်များကိုဖယ်ရှားရှင်းလင်းပါ။ ✅မိတ်ဆွေပိုးများကိုထိန်းသိမ်းပါ။ ✅အပင်ပေါက်အဆင့်တွေကျရောက်ပါက ရေလွှမ်းပေးပါ။ ✅ငမြှောင်

တောင်ရန်မှကာကွယ်နိုင်ဖို့ စိုက်ခင်းအနီးအနားမှာ အနံ့ပြင်းတဲ့အပင်များကိုစိုက်ပေးပါ။ (ပူစီနံ၊တရုတ်နံနံ၊ပင်စိမ်း၊စပါးလင် စသည်) “ဖော” ငမြောင်တောင်ကျရောက်တဲ့အခါ

အမြစ်ပြတ်ချေမှုန်း၍မရပါ။ ပိုးအရေအတွက်လျော့နည်းသွားအောင်သာ ထိန်းချုပ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ 🌿ဒါ့အပြင်သဘာဝမိတ်ဆွေပိုးများကိုလည်း ထိန်းသိမ်းကာ

ကွယ်မှုများကို ရေရှည်အနေနဲ့လုပ်ဆောင်သင့်ပါတယ်🌿 🔰သဘာဝမြေသြဇာ 🔰သဘာဝဖျန်းဆေးတွေကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်စေပြီး

မြေဆီလွှာ​ကို ပိုမိုကောင်းစေရုံသာမက သီးနှံများလည်း သဘာဝအတိုင်းဖွံ့ဖြိုးစေပါတယ်။ ===== သီးနှံပင်တွေကို ကောင်းမွန်စွာဖြစ်ထွန်းနိုင်ရုံသာမက OM 25% အထိပါဝင်တဲ့

အတွက် မြေဆီလွှာအတွင်း မြေဆွေးဓာတ်များတိုးပွါးစေတဲ့ “ပင်ပွါးသဘာဝမြေဩဇာ”ကို မြေပြင်ချိန်ကနေစပြီး အသုံးပြုပေးခြင်းဖြင့် ကျန်းမာပြီးရာသီဥတုဒဏ်၊‌ ရောဂါကျ

ရောက်မှုဒဏ်ခံနိုင်တဲ့ သီးနှံပင်များကိုရရှိနိုင်ပါတယ်🌱 ===== အချိန်တိုအတွင်းသီးနှံပင်တွေရဲ့အရည်အသွေးကို တိုးတက်ကောင်းမွန်စေမယ့် သဘာဝရွက်ဖျန်းမြေဩဇာ

ကောင်းတစ်ခုရှာနေရင်တော့ ရွှေတက်လမ်းရဲ့ သဘာဝရွက်ဖျန်းမြေဩဇာကိုရွေးချယ်နိုင်ပါတယ်🌟 ===== ကုန်ကျစရိတ်သက်သာပြီး ကျန်းမာကြံခိုင်၊ရောဂါဒဏ်ခံနိုင်တဲ့သီးနှံ

ပင်တွေကို သဘာဝထုတ်ကုန်များအသုံးပြုပြီး အရယူလိုက်ပါ။

Post Tags :

Share :