တောင်သူဦးကြီးတို့အတွက် မြေဩဇာကျွေးနည်းစနစ်ကောင်းများ
စပါးစိုက်ပျိုးတဲ့ တောင်သူဦးကြီးတို့ရေ… မိမိတို့လယ်ကွင်းထဲက စပါးပင်တွေဟာ အာဟာရဓာတ် လိုအပ်လာတဲ့အခါ စကားမပြောတတ်ပေမဲ့ သူတို့ရဲ့ အရွက်နဲ့ ပင်စည်တွေကနေတစ်ဆင့် အစာတောင်းလေ့ရှိကြပါတယ်။
စပါးပင်တွေ ဘယ်လိုအစာတောင်းတတ်လဲဆိုတာရယ်၊ သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာကို ဘယ်လိုစနစ်တကျ မျှတအောင် ကျွေးရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

မြေဩဇာကို စပါးသက်တမ်းအလိုက် စနစ်တကျကျွေးနည်း
စပါးပင်ကို မြေဩဇာကျွေးတဲ့အခါ “တစ်ကြိမ်တည်း အများကြီးကျွေးခြင်း” ထက် အပင်ကြီးထွားမှုအဆင့်အလိုက် “အကြိမ်ကြိမ် ခွဲကျွေးခြင်း” ကသာ အလေအလွင့်မရှိ အထိရောက်ဆုံး ဖြစ်ပါတယ်။
– အခြေခံမြေဩဇာ (မြေပြင်ချိန်/ကောက်စိုက်ချိန်) :
– ပွားစည်းချိန် (ကောက်စိုက်ပြီး ၁၅ ရက် – ၂၀ ရက်) :
– စပါးအဖုံးလုံးချိန် (မှို့ကပ်ချိန်) : စသည့်အချိန်တွေမှာ သင့်တင့်သောမြေဩဇာများကို ကျွေးရပါမည်။
ဓာတ်မြေဩဇာ (အထူးသဖြင့် ယူရီးယား) ကို အလွန်အကျွံကျွေးပါက စပါးပင် အရွက်တွေ အရမ်းသန်ပြီး လဲလွယ်တတ်သည့်အပြင် ဖြုတ်ပိုးနှင့် မှိုရောဂါများ ပိုမိုကျရောက်တတ်ပါတယ်။
မြေဩဇာကျွေးချိန်တွင် လယ်ကွင်းထဲ၌ ရေအနက် ၁ လက်မခွဲ၊ ၂ လက်မခန့်သာ ရှိသင့်ပြီး ရေအလွန်များနေပါက မြေဩဇာများ ရောပါမျောပါသွားတတ်ပါတယ်။.
တောင်သူဦးကြီးတို့ခင်ဗျာ… ဓာတုမြေဩဇာချည်းပဲ ဆက်တိုက်သုံးရင် မြေဆီလွှာကျစ်ပြီး ပျက်စီးတတ်သလို၊ သဘာဝမြေဩဇာချည်းပဲ သုံးရင်လည်း စပါးပင်အတွက် အာဟာရဓာတ် လုံလောက်မှု မရှိဖြစ်တတ်ပါတယ်။ဒါကြောင့် အပင်လည်းသန်၊ မြေလည်းခံပြီး စရိတ် သက်သာစေမယ့် “သဘာဝနဲ့ ဓာတုမြေဩဇာ ပေါင်းစပ်အချိုးကျကျွေးနည်း” ကို တစ်ဧကနှုန်းထားနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 👇
(၄ : ၁) သို့မဟုတ် (၃ : ၁)
ပင်ပွါး ၄အိတ် + ဓာတု ၁အိတ်
ပင်ပွါး ၃အိတ် + ဓာတု ၁အိတ် နှုန်းဖြင့်ရောစပ်အသုံးပြုနိုင်ပါတယ်။
ရောစပ်ပြီးသား မြေသြဇာကိုတော့ လေလုံတဲ့ပီနံအိတ်အတွင်းမှာ ၂ည / ၃ည ခန့် နှပ်ထားဖို့လိုပါတယ်။ ၇ရက် မှ ၁၀ရက် အထိ နှပ်ထားနိုင်ရင်တော့ ပိုကောင်းပါတယ်။ယခုလို ရောစပ်အသုံးပြုခြင်းဟာ…အသုံးပြုလိုသော တောင်သူများအတွက် အညွှန်းဖြစ်ပါတယ်။
အမှတ်-၂၃၊ အင်္ဂပိုလမ်း၊အေးမြသာယာရပ်ကွက်၊ဟင်္သာတမြို့၊ဧရာဝတီတိုင်းဒေသကြီး။
ဆက်သွယ်ရန်ဖုန်းနံပါတ်
09 663 300 500
09 773 300 500
09 883 300 500
09 983 300 500
Post Tags :
Share :
Copyright © 2024 Shwe Tet Lann