ပဲတီစိမ်းစိုက်ပျိုးမယ်ဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်လဲ ?

 🔰ပဲတီစိမ်းကို ရေစီးရေလာကောင်းတဲ့ ဘယ်မြေအမျိုးအစားမှာမဆို စိုက်ပျိုးနိုင်ပါတယ်။ ရေဝပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ပါ။ မြေချဉ်ငံဓာတ် (၅.၅-၆.၅)အတွင်း စိုက်ပျိုးဖြစ်ထွန်းပါတယ်။ မတ်ပဲနဲ့ယှဉ်ရင်တော့ စိုထိုင်းဆနဲ့ ရေငတ်ဒဏ်ကိုခံနိုင်ရည်နည်းပါတယ်။ 

အပင်ငယ်စဉ် လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ပင်စည်ထိုးယင်တို့ ကျရောက်တတ်ပါတယ်။ (၁၅)ရက်ခြား တစ်ခါပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ 

အပင်သက်တမ်း(၁၅-၂၅)ရက်မှာ N.P.K နဲ့အနည်းလိုအာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ရွက်ဖျန်းမြေဩဇာသုံးပေးပါ။ ပဲတီစိမ်းသီးနှံရဲ့သက်တမ်းတလျောက် ကျရောက်တတ်

တဲ့ရောဂါတွေနဲ့ပိုးတွေကတော့ ပင်ညှိုးရောဂါ၊ဖားဥမှိုရောဂါ၊သံချေးရောဂါ၊ရွက်ခြောက်ရောဂါ၊မှဲ့ပြောက်စွန်းရောဂါ ..စတဲ့ရောဂါများကျရောက်တတ်ပြီး.. လှေးပိုး၊ရွက်ဖောက်

လှေးကျိုင်း၊‌ငမြောင်တောင်၊ရွက်စားပိုး၊ပင်စည်ထိုးယင်၊သီးလုံးဖောက်ပိုး၊ပျပိုးကျိုင်း၊သရစ်လှေးပိုး၊ထွာကောင်စိမ်း၊ယင်ဖြူ၊ရွက်စုံစားခူဝါ တဲ့ပိုးများ ကျရောက်တတ်ပါတယ် 

သီးကိုင်းဖူးလေးတွေစပြီးထွက်ပေါ်လာတဲ့အချိန်မှာ အာဟာရမချို့တဲ့ဖို့၊ပိုးမွှားမကျရောက်ဖို့ အထူးဂရုပြုသင့်ပါတယ်။ ပန်းပွင့်ချိန်မှာလည်း ရွက်ဖျန်းဆေးစနစ်တကျအသုံးပြုပေး

ခြင်းဖြင့် ပွင့်အားကောင်းပြီး သီးတောင့်များစေပါတယ်။ သီးတောင့်ဖြစ်ထွန်းချိန်မှာတော့ သီးလုံးဖောက်ပိုးနဲ့သီးထပ်ပုတ်ရောဂါကို သတိပြုပေးရပါမယ်။ ပဲတီစိမ်းဟာ မျိုး၊

ရာသီဥတုနဲ့ထိန်းသိမ်း‌စောင့်ရှောက်မှုပေါ်မူတည်ပြီး (၆၅-၉၅)ရက်အတွင်း ရင့်မှည့်လေ့ရှိပါတယ်။ အတောင့်များ ၇၅-၈၅% အနက်ရောင်သို့ပြောင်းပြီး အရွက်များဝါခြောက်‌ချိန်

မှာ ရိတ်သိမ်းပေးရပါမယ်။ 

===== ပဲတီစိမ်းအတွက် လိုအပ်တဲ့ N.P.K နဲ့ အနည်းလိုအာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ရွှေတက်လမ်းမှထုတ်လုပ်ထားတဲ့ ရွက်ဖျန်းမြေဩဇာကို အသုံးပြုနိုင်ပါတယ်။ အစေ့

များခြင်း၊အလေးချိန်များပြီးအထွက်နှုန်းတိုးခြင်း စတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်ခင်ဗျာ  သဘာဝနဲ့အနီးဆုံးမှာနေထိုင်ပါ သဘာဝထုတ်ကုန်များကို စနစ်တကျ

ထည့်သွင်း အသုံးပြုပြီးစိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းနိုင်ကြပါစေ။ အသေးစိတ်အချက်အလက်များကို Page messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ခင်ဗျာ။ 

Post Tags :

Share :