သီးနှံမျိုးစုံတွင်ကျရောက်တတ်သောဖျက်ပိုးမျိုးစုံအတွက် အသုံးပြုနိုင်ပါသည်။ သီးနှံမစိုက်မီမြေပြင်ချိန်တွင် ဤပိုးနှင်ဆေးရည်ကို မြေပြင်ပေါ်သို့ ပက်ဖျန်းပေးခြင်းအားဖြင့် မြေအောင်းပိုးနှင့်မြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဖြုတ်ဖြူ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ငမြှောင်တောင်၊ ရွက်လိပ်ပိုး၊ ရွက်ခေါက်ပိုး၊ ဆစ်ပိုး၊ နှံစုပ်ပိုး၊ ပျပိုး၊ ယင်ဖြူ၊ သရစ်လှေးပိုး၊ ပိုးစေးနှဲ၊ ပိုးနဂါး၊ ထွာကောင်စိမ်း၊ နီမတုတ်၊ မွှားပင့်ကူနီ၊ ပင်စည်ထိုးပိုး၊ သီးလုံးဖောက်ပိုး၊ ခရု အစရှိ သည့် ဖျက်ပိုးမျိုးစုံတို့ကိုကာကွယ် နှိမ်နင်းပေးနိုင်ပါသည်။
“ဓါတုပစ္စည်း လုံးဝ(လုံးဝ)မပါဝင်ခြင်းကြောင့် စိုက်ပျိုးသူ၊စားသုံးသူနှင့်သဘာဝပတ်ဝန်းကျင်ကိုလည်းအဆိပ်အတောက်မဖြစ်စေပါ။ ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သောအပင်များ၏ကျန်းမာရေးပြဿနာများကိုတားဆီးပေးနိုင်ပြီး တစ်ရာသီလုံးကျန်းမာသန်စွမ်းသောအပင်များကိုရရှိစေပါသည်”
စပါး၊ ဂျုံ၊ ပြောင်း၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ကွမ်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲယင်း၊ ပဲနောက်၊ ပဲကြီး၊ ကိတ်ဖြူ၊ ကိတ်ပြာ၊ ပဲလွန်း၊ ပဲစာဥ စသောပဲအမျိုးမျိုး၊ ဘူး၊ ဖရုံ၊ သခွားစသော ဟင်းသီးဟင်းရွက်ပင်များ၊ ငရုတ်၊ ငရုတ်ကောင်း၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ ဂျင်း၊ ကာလီ စသော မီးဖိုချောင်သုံးသီးနှံပင်များ၊ မာလကာ၊ ကျွဲကော၊ သရက်၊ ပိန္နဲ၊ နာနတ်၊ သစ်တော်၊ လိမ္မော်၊ ပန်းသီး၊ သံပုရာ၊ သင်္ဘော၊ နဂါးမောက် စသော ဥယျာဉ်သီးနှံပင်များ နှင်းဆီပန်း၊ သစ်ခွပန်း၊ ဂန္ဓမာပန်း၊ လီလီပန်း၊ သစ္စာပန်း၊ နှင်းပန်း၊ သပြေပန်း စသောပန်းအမျိုးမျိုးတို့တွင် အသုံးပြုနိုင်ပါသည်။
အပင်ငယ်စဉ်တွင်(4)ဂါလံဆေးဖျန်းတစ်ပုံးလျှင် ဆေးရည်(50စီစီ) ထည့်သွင်းအသုံးပြုရပါမည်။ ကြိုတင်ကာကွယ်ရန်အတွက် (7)ရက်ခြားလျှင်တစ်ကြိမ်နှုန်းပုံမှန်ပက်ဖျန်းပေးသင့်ပါသည်။ အပင်တစ်လသားကျော်ပါက (4)ဂါလံ ဆေးဖျန်းပုံးတွင် ဆေးရည်(100)စီစီ အထိထည့်သွင်းပြီး (7)ရက်ခြားတစ်ကြိမ်ပက်ဖျန်းပေးရမည်ဖြစ်ပါသည်။ ဖျက်ပိုးကျရောက်မှုပြင်းထန်ပါက(3)ရက်ခြား တစ်ကြိမ်ပက်ဖျန်းပေးနိုင်ပါသည်။ တစ်ဧကအတွက် (4)ဂါလံဆေးဖျန်းတစ်ပုံးလျှင် ဆေးရည်(100စီစီ) ထည့်သွင်းပြီး ဆေးဖျန်းပုံး(5)ပုံး ပက်ဖျန်းပေးရမည်ဖြစ်ပါသည်။ ဤဆေးဗူးသည် (2)ဧက အသုံးပြုနိုင်ပါသည်။
ညနေ နေအေးချိန်တွင်ပက်ဖျန်းသင့်ပါသည်။ မြေပြင်ချိန်တွင် တစ်ဧကလျှင် ဆေးရည် (4)လီတာမှ (6)လီတာအထိ ရေဂါလံ(40)နှင့် ရောစပ်ပြီး မြေပြင်တစ်ခုလုံးပေါ်သို့ စိုရွှဲ နှံ့စပ်အောင်ပက်ဖျန်းပေးခြင်းဖြင့် မြေဆောင်ရောဂါများကို ကာကွယ်နိုင်ပါသည်။
ဓါတုပစ္စည်း လုံးဝ (လုံးဝ) မပါဝင်ခြင်းကြောင့် စိုက်ပျိုးသူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အဆိပ်အတောက်မဖြစ်စေပါ။ ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သော အပင်များ၏ကျန်းမာရေးပြဿနာများ တားဆီးပေးနိုင်ပြီး တစ်ရာသီလုံး ကျန်းမာသန်စွမ်းသော အပင်များရှိစေပါသည်။
အပင်များနှင့် အသီးအနှံများတွင်ပြင်းထန်စွာ ကျရောက်တတ်သော ဖျက်ပိုးမျိုးစုံကို လျင်မြန်စွာကုသနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အဆင့်မြင့်ဖော်စပ်ထုတ်လုပ်ထားပါသည်။ သီးနှံအမျိုးမျိုးအတွက်လိုအပ်သောအများလိုနှင့် အနည်းလို အာဟာရဓါတ်များ ပါဝင်ခြင်းကြောင့် ကျန်းမာသန်စွမ်းသော အပင်များရရှိခြင်း၊ ရာသီဥတုပြောင်းလဲမှုကိုခံနိုင်ရည်ရှိစေပြီး ပန်းပွင့်နှုန်း၊ အသီးတင်နှုန်းကောင်းစေခြင်း စသော အကျိုးကျေးဇူးများရရှိစေကာ သီးနှံ၏အရောင်၊ အနံ့၊ အရသာ၊ အလေးချိန်တို့ကို တိုးတက်ကောင်းမွန်စေပါသည်။ ဟင်းသီးဟင်းရွက်များကိုလည်း ကြာရှည်စွာအထားခံစေပါသည်။
ဓါတုပစ္စည်း လုံးဝ (လုံးဝ) မပါဝင်ခြင်းကြောင့် စိုက်ပျိုးသူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အဆိပ်အတောက်မဖြစ်စေပါ။ ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သော အပင်များ၏ကျန်းမာရေးပြဿနာများ တားဆီးပေးနိုင်ပြီး တစ်ရာသီလုံး ကျန်းမာသန်စွမ်းသော အပင်များရှိစေပါသည်။
အသုံးမပြုမီ ဆေးဘူးအား ကောင်းစွာလှုပ်ပြီးမှ အသုံးပြုပါ။ အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။
ဆေးရည်ပါဝင်မှု – ၁ဝဝဝ စီစီ
မှ ထုတ်လုပ်ဖြန့်ချိသည်
Copyright © 2024 Shwe Tet Lann