About Us

ရွှေတက်လမ်း ( Golden Conord Co.,Ltd )

ရည်ရွယ်ချက်

၁။လယ်ယာမြေပျက်စီးမှုများမှ ကာကွယ်ထိမ်းသိမ်းနိုင်ပြီး ဓါတုကင်းစင်သော သီးနှံများစိုက်ပျိုး

ထုတ်လုပ်လာနိုင်စေရန်။

၂။ကျန်းမာရေးနှင့် ညီညွှတ်ပြီး အာဟာရပြည့်ဝသော အစားအစာများစိုက်ပျိုးထုတ်လုပ်နိုင်ရန်။

၃။စိုက်ပျိုးသူတောင်သူများအနေနှင့် အရည်အသွေးပြည့်ဝသောသီးနှံများ ထုတ်လုပ်ခြင်းဖြင့်

ဝင်ငွေတိုးတက်လာစေရန်။

၄။သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက်တစ်ဖက်တစ်လမ်းမှပါဝင်ကူညီဆောင်ရွက်ရန်။

၅။ စံချိန်စံနှုန်း အရည်အသွေးပြည့်မှီပြီး စျေးနှုန်းသက်သာသော သဘာဝမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ တောင်သူ လက်ဝယ်သို့ ရောက်ရှိ သုံးစွဲစေနိုင်ရန်။

မျှော်မှန်းချက်

၁။ဓါတုမြေဩဇာများရေရှည်သုံးစွဲခြင်းကြောင့်ပျက်စီးနိုင်ခြေရှိသောလယ်ယာမြေများတွင် သဘာဝမြေဩဇာ များသုံးစွဲခြင်း ( သို့ ) အစားထိုး အသုံးပြုခြင်း  ဖြင့် စိုက်ပျိုးမြေ၏အရည်အသွေးကောင်းများ ထိမ်းသိမ်းထား နိုင်မည် ဖြစ်ပါသည်။

၂။အရည်အသွေးကောင်းသောလယ်ယာမြေများမှ ဓါတုဓါတ်ကြွင်းကင်းစွာ ထုတ်လုပ်သောသီးနှံများ စားသုံးခြင်း ဖြင့် ကျန်းမာရေးနှင့်ညီ ညွှတ်ခြင်း၊ အသက်ရှည်၍ ကျန်းမာသောလူမှုဘဝများရရှိလာနိုင်မည်ဖြစ်ပါသည်။

၃။အရည်အသွေးကောင်းမွန်သော သီးနှံများထုတ်လုပ်ရောင်းချခြင်းဖြင့် တောင်သူလယ်သမားတို့၏ ဝင်ငွေများ မျာတိုးတက်ကောင်းမွန်လာစေပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

၄။သဘာဝမြေဩဇာနှင့် သဘာဝရွက်ဖျန်းဆေးများ သုံးစွဲစိုက်ပျိုးခြင်းဖြင့်ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်းမှုလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်မည်ဟုမျှော်မှန်း ပါသည်။

အထက်ပါရည်ရွယ်ချက်မျှော်မှန်းချက်တို့ဖြင့် ရွှေတက်လမ်းလုပ်ငန်းစုသည်  Golden Conord Co.,Ltd ၏ လုပ်ငန်းစု တစ်ခုအနေနှင့် ( ၁-၉-၂၀၂၃ )  တွင်စတင်ဖွဲ့စည်း လုပ်ကိုင်ခဲ့ပါသည်။

ဖွဲစည်းခြင်း

ရွှေတက်လမ်းလုပ်ငန်းစုသည် Golden Concord Co,.Ltd ၏ Managing Director   ( U Nyan Lynn )     ဦးဆောင်လမ်းညွှန်မှုဖြင့် အောက်ပါအဖွဲ့ခွဲများကိုဖွဲ့စည်းခဲ့ပါသည်။

၁။အဖွဲ့ဝင် (  ၆ ) ဦး ပါဝင်သော လုပ်ငန်းစီမံခန့်ခွဲမှုအဖွဲ့ ( Management Team )

၂။ အဖွဲ့ဝင် (  ၅  ) ဦး ပါဝင်သော နည်းပညာဆိုင်ရာ အဖွဲ့ ( Technical Team )

၃။ အဖွဲ့ဝင် (  ၁၆ ) ဦး ပါဝင်သော မြို့နယ်အရောင်းတာဝန်ခံအဖွဲ့  ( Sale Admin Executive )

မြို့နယ်အလိုက်အဖွဲ့ ခွဲများအနေဖြင့်

မြို့နယ်အဆင့် အရောင်းတာဝန်ခံ ( Sale Admin Executive ) တစ်ဦးနှင့်အတူ ( Sale and Marketing ) သုံး ဦးစီ တာဝန်ပေးအပ်ဆောင်ရွက်ခဲ့ပါသည်။

 ( ၁. ၉ .၂၀၂၃) မှ ( ၁.၅.၂၀၂၄) အထိ မြို့နယ်ပေါင်း ( ၁၇  ) မြို့နယ်အထိ ကိုယ်စားလှယ်ဆိုင်ခွဲများ ဖွင့်လှစ် နိုင်ခဲ့ ပါသည်။ ဧရာဝတီတိုင်းအတွင်း ရုံးခွဲများဖွင့်လှစ်ပြီး ဝန်ထမ်းအင်အား ( ၇၀ ) ကျော်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက် လျှက်ရှိပါသည်။

ကိုယ်စားလှယ်ဆိုင်ခွဲဖွင့်လှစ်မှုမရှိသောမြို့နယ်များတွင် သက်ဆိုင်ရာမြို့နယ်၏ မြို့နယ်ကိုယ်စားလှယ် များ ရပ်ကျေးကိုယ်စားလှယ်များ ဖိတ်ခေါ်ခန့်အပ်ပြီး ဧရာဝတီတစ်တိုင်းလုံးအထိလွှမ်းခြုံနိုင်ရေး စီစဉ်ဆောင် ရွက်လျှက်ရှိပါသည်။           

စတင်တည်ထောင်ချိန်တွင် ပင်ပွားသဘာဝ မြေဩဇာ တစ်မျိုးတည်းကိုသာ ဧရာဝတီတိုင်း

 ( တစ်ဦးတည်း ) ကိုယ်စားလှယ် အဖြစ် ဖြန့်ချိခဲ့ပါသည်။

 ၂၀၂၄ မှစတင်ပြီး ရွှေတက်လမ်းအမှတ်တံဆိပ် သဘာဝရွက်ဖျန်းအားဆေးရည်(ကွမ်းအထူး)၊သဘာဝမှို ပြေးဆေး (မှိုရောဂါကာကွယ်ကုသဆေး)၊ သဘာဝပိုးပြေးပိုးနှင်ဆေး၊ နှင့်အီးအမ်ဖျော်ရည်ပြင်း (EM concentrated Solution) တို့ကို ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိပါသည်။ ရွက်ဖျန်းဆေးများဖြန့်ဖြူးရာတွင် တစ်နိုင်ငံလုံး ဖြန့်ဖြူးရောင်းချနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။မြို့နယ်အလိုက်ကိုယ်စားလှယ်ပေးအပ် ဆောင်ရွက်ခြင်းသာမကလက်လီ လက်ကားစနစ်များဖြင့်ဖြန့်ဖြူးရောင်းချခြင်းများကိုလည်းဆောင်ရွက်လျှက်ရှိ ပါသည်။

ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသော ရွက်ဖျန်းမြေဩဇာများမှာ ဓါတုပစ္စည်းများပါဝင်ခြင်းမရှိသောကြောင့် စိုက်ပျိုးသူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အန္တရာယ်မဖြစ်စေပါ။

ရွှေတက်လမ်း၏ဝန်ဆောင်မှုများ

ရွှေတက်လမ်း၏ မြို့နယ်အသီးသီးရှိ ဝန်ထမ်းများမှသီးနှံစုံစိုက်တောင်သူများထံသို့ ရုံးပိတ်ရက်မှအပ နေ့စဉ်ကွင်းဆင်းကာ

၁ ။သဘာဝမြေဩဇာ၏ အားသာချက်များကို ရှင်းလင်းပြောပြခြင်း၊

၂ ။မြေဆီလွှာထိန်းသိမ်းမှုနည်းလမ်းများဖြန့်ဝေခြင်း၊

၃ ။တောင်သူများ၏ မြေယာများပျက်စီးမှုကို ခေတ်မှီစက်ကိရိယာများဖြင့်တိုင်းတာပေးခြင်း၊

၄ ။တောင်သူများ၏ ပျက်စီးသွားသောမြေယာများကို ပြန်လည်ကုစားရန်နည်းလမ်းများမျှဝေ ခြင်း ၊ ပူးပေါင်းကူညီဆောင်ရွက်ခြင်း၊

၅ ။တောင်သူများ၏ စိုက်ပျိုးပြီးသီးနှံများကို ပိုမိုကောင်းမွန်စေရန်နှင့် အထွက်နှုန်းတိုးတက်စေရန် အသိပညာဖြန့်ဝေခြင်း၊ ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်း၊

၆ ။စိုက်ပျိုးပြီးသီးနှံများကို သဘာဝဘေးအန္တရာယ်/ရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်၊

အသိပညာဖြန့်ဝေပေးခြင်း/ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို သီးနှံစတင် စိုက်ပျိုးချိန်မှ စပြီး သီးနှံရိတ်သိမ်းချိန်ထိ ရာသီအလိုက် စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျှက် ရှိပါသည်။

လုပ်ငန်းတာဝန်များ

လုပ်ငန်းစီမံခန့်ခွဲမှုအဖွဲ့ ( Management Team )

၁။ လုပ်ငန်းစုအနေဖြင့် ရည်ရွယ်ချက် မျှော်မှန်းချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ကြီးကြပ်ခြင်း။

၂။လုပ်ငန်းတိုးတက်မှု (Progress) များ အကဲဖြတ်ခြင်းအတွက် လစဉ်အစည်းအဝေး ( Monthly Meeting ) ၊ သုံးလတစ်ကြိမ်အစည်းအဝေး                  (Quarterly meeting) များစီစဉ်ဆောင်ရွက်ခြင်း။

၃။မြို့နယ်ရုံးခွဲများ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများ (Daily Activities) အား လေ့လာဆန်းစစ်ခြင်း လိုအပ်သော အကြံများပေးခြင်း။

၄။မြို့နယ် ကိုယ်စားလှယ်များ အရောင်းမြှင့်တင်နိုင်ရေးအတွက်ပံ့ပိုးမှုများဆောင်ရွက်ရာတွင် နည်းပညာအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း။

၅။ Daily Work Plan, Weekly Work Plan, Quarterly Work Plan, Yearly Work Plan များရေးဆွဲ အကောင် အထည်ဖေါ်ခြင်း။

၆ ။ မိမိတို့ချမှတ်ထားသည့် လမ်းစဉ် ၊ ရည်ရွယ်ချက် ၊ ရည်မှန်းချက်တို့ကို မသွေဖယ်စေပဲ စျေးကွက်ဖော်ဆောင်ရာတွင် တောင်သူလက်ဝယ်သို့ ထိထိမိမိ ရောက်ရှိရေးတို့အတွက် Effective Marketing Plans များရေးဆွဲပြီး ရောင်သူဝယ်သူ နှစ်ဦးနှစ်ဖက် ညီညွတ်မျှတစေရန် စျေးကွက် ဖော်ဆောင်ခြင်းတို့အား စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။

နည်းပညာအဖွဲ့ ( Technical Team )

၁။ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသော သဘာဝမြေဩဇာနှင့်ရွက်ဖျန်းဆေးအမျိုးမျိုးအကြောင်း တောင်သူများသိရှိ နိုင်ရေးအတွက် အသိပညာမျှဝေခြင်း။

၂။တောင်သူများ၏ စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ လိုအပ်သောအကြံဉာဏ်များ ပေးခြင်း။

၃။စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း  (PH) များတိုင်းတာစစ်ဆေးပေးခြင်း။

၄။ စိုက်ပျိုးမြေတွင် N (nitrogen),P (phosphorus),K (potassium) ပါဝင်နှုန်းများတိုင်းတာတွက်ချက်ပေးခြင်း။

၅။မြို့နယ်အဆင့်၊ကျေးရွာအဆင့် နည်းပညာမျှဝေခြင်း တောင်သူဆွေးနွေးပွဲများပြုလုပ်ခြင်း။

၆။စံပြစိုက်ကွက်များထူထောင်ခြင်းဆိုင်ရာ ဆောင်ရွက်မှုအဆင့်ဆင့်အားမှတ်တမ်းတင်ခြင်းနှင့် ရလဒ်များ မှတ်တမ်း တင်ခြင်း။

၇။မြို့နယ်အဆင့်တာဝန်ခံ ဝန်ထမ်းများမှ စ၍ အရောင်းဝန်ထမ်းများအထိ နည်းပညာ ဗဟုသုတ၊  စိုက်ပျိုးရေးအသိပညာများနှင့် ဆောင်ရန် ရှောင်ရန် အချက်အလက်များ သိရှိစေရန် သင့်လျော်သော သင်တန်းများစီစဉ်ဆောင်ရွက်ပေးခြင်း။

အရောင်းတာဝန်ခံများ
(Sale Admin Executive)

၁။သက်ဆိုင်ရာမြို့နယ်အလိုက် အရောင်းမြှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် (Sale and Marketing) ဝန်ထမ်း များကိုကြီးကြပ်ခြင်း၊လိုအပ်ပါက မိမိကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်ခြင်း။

၂။နေ့စဉ်ပစ္စည်းများရောက်ရှိမှု ရောင်းချမှုစားရင်းများပြုစုခြင်း၊အသုံးစရိတ်များမှတ်တမ်းတင်ခြင်း။

၃။မှတ်တမ်းတင်ထားသောနေ့စဉ်စာရင်းများအား ရွှေတက်လမ်းလုပ်ငန်းစု ရုံးချုပ်သို့တင်ပြအစီရင်ခံခြင်း။

၄။ Daily Work Plan, Weekly Work Plan, Montly Work Plan ရေးဆွဲဆောင်ရွက်ခြင်းနှင့် ရုံးချုပ်သို့အစီရင်ခံတင်ပြခြင်း။

၅။ စံပြစိုက်ကွင်းများ၏ တိုးတက်မှု ဆုတ်ယုတ်မှုအခြေအနေများအား စဉ်ဆက်မပြတ် မှတ်တမ်းတင် အကဲခတ်ပြီး လိုအပ်သည့် အခြေအနေများအား ရုံးချုပ်မှတာဝန်ရှိသူများအား သတင်းပို့တင်ပြခြင်း။

၆။ကျေးလက်နယ်မြေများထိ ကွင်းဆင်း၍ မိမိတို့ထုတ်ကုန် သုံးစွဲမှုအပေါ်  ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် တောင်သူဦးကြီးများနှင့် မိသားစုသဖွယ် ဆွေးနွေး၍ စိုက်ပျိုးရေး အကြံဥာဏ်ကောင်းများ မျှဝေခြင်း ။

နိဂုံး

” ရွှေတက်လမ်း ( Golden Conord Co.,Ltd ) သည်မိမိတို့၏ အကျိုးစီးပွါးတစ်ခုတည်းကိုသာဆောင်ရွက်နေခြင်း မဟုတ်ပေ။ စိုက်ပျိုးသူ စားသုံးသူတို့၏ ဘေးအန္တရယ်ကင်းရှင်းနှင့် လူမှုစီးပွားဘဝများတိုးတက် ကောင်းမွန်ရေး ကိုလည်း ဦးစားပေးဆောင်ရွက်လျှက်ရှိရာ မိမိတို့၏ထုတ်ကုန်များနှ့ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် မျှတသင့်တော်သောဈေးနှုန်းတို့ဖြင့် သုံးစွဲသူတောင်သူများ၏လက်ဝယ်အရောက်ဖြန့်ဖြူးလျှက်ရှိပါသည်။ “

Frequently Asked Questions

Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.

Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.

Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.

Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.

Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.

Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.