(၄) ဂါလံ ဆေးဖျန်း တစ်ပုံးစာအတွက် ကွမ်းအထူး ရွက်ဖျန်းမြေဩဇာအရည် (၂၀၀) စီစီ ထည့်၍ နံနက်စောစောပက်ဖျန်းပေးပါ။တစ်ဧကလျှင် ကွမ်းအထူး ရွက်ဖျန်းမြေသြဇာအရည် (၁၀၀၀) စီစီ နှင့် ရေ (၂၀) ဂါလံ ရောစပ်၍ နံနက်စောစော ပက်ဖျန်းပေးပါ (ကစ်ဧကလျှင် (၄)ဂါလံ ဆေးဖျန်းပုံး (၅)ပုံးဖြစ်ပါသည်)။ အညွှန့် အဖျားမှစ၍ ပင်ခြေအထိ တစ်ပင်လုံးအရွက်အပေါ်အောက် ပက်ဖျန်းပေးပါ။ ကွမ်းဘောင်များနှင့် ပင်ခြေများကိုပါ လောင်းပေးခြင်းဖြင့် အမြစ်၏ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်စေပြီး ကွမ်းဘောင်၏မြေအတွင်းအကျိုးပြု အနုဇီဝများကို ပေါက်ပွါး စေကာ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့်ဇီဝဂုဏ်သတ္တိတို့ကို မြင့်မားစေပါသည်။နှင်းဆီပန်း၊ သစ်ခွပန်း၊ ဂန္ဓမာပန်း၊ လီလီပန်း၊ သစ္စာပန်း၊ နှင်းပန်း၊ သပြေပန်း စသော ပန်းအမျိုးမျိုးတို့တွင် အသုံးပြုနိုင်ပါသည်။
အပင်ငယ်စဉ်မှစ၍ အပင်သက်တမ်းတလျှောက် အသုံးပြုခြင်းဖြင့် အပင်များ၏ အစာချက်လုပ်မှု၊ အစာစုပ်ယူမှု ကောင်းမွန်ကာ အပင်များ စိမ်းစိုသန်မာစေခြင်း၊ ကိုင်း ဖြာထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် အထွက်နှုန်းတိုးတက်စေပါသည်။ ကွမ်းရွက် များ၏အရောင်များတောက်ပစေခြင်း၊ အရသာကို ထူးခြားကောင်းမွန်စေခြင်းနှင့် အရွက်အရွယ်အစားညီညာပြီး အလေးချိန်တိုးစေပါသည်။ခူးပြီးသော ကွမ်းရွက်များ လည်း အမြန်မပုတ်ပဲ ကြာရှည်စွာ အထားခံပါသည်။ ဓါတုပစ္စည်းများ(လုံးဝ)မပါဝင် သောကြောင့် စိုက်ပျိုးသူ၊ စားသုံးသူနှင့် သဘာဝ ပတ်ဝန်းကျင်ကိုလည်း အဆိပ်အ တောက်မဖြစ်စေပါ။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်နိုင်သော အပင်များ၏ ကျန်းမာရေးပြဿနာများကို ကာကွယ်တားစီးပေးနိုင်ပြီး တစ်နှစ်ပတ်လုံးကျန်းမာ သန်စွမ်းသော အပင်များကိုရရှိစေပါသည်။ဓါတုပစ္စည်း လုံးဝ (လုံးဝ) မပါဝင်ခြင်းကြောင့် စိုက်ပျိုးသူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အဆိပ်အတောက်မဖြစ်စေပါ။ ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သော အပင်များ၏ကျန်းမာရေးပြဿနာများ တားဆီးပေးနိုင်ပြီး တစ်ရာသီလုံး ကျန်းမာသန်စွမ်းသော အပင်များရှိစေပါသည်။
ဆေးရည်အား အသုံးမပြုမီ ကောင်းစွာလှုပ်ပြီးမှ အသုံးပြုပါ။ အေး၍ခြောက်သွေ့သော နေရာတွင်ထားပါ။
ဆေးပါဝင်မှု – ၁ဝဝဝ စီစီ
Copyright © 2024 Shwe Tet Lann