ကြိုတင်ကာကွယ် ငမြှောင်တောင်အန္တရာယ်❗
admin / July 7, 2024 / Blog ကြိုတင်ကာကွယ် ငမြှောင်တောင်အန္တရာယ်❗ ပိုးတစ်ကောင်ကို ကာကွယ်နှိမ်နင်းနိုင်ဖို့အတွက်ဆိုရင် ထိုပိုးရဲ့သဘာဝနဲ့ကျရောက်မှုလက္ခဏာများကို ကြိုတင်သိထားဖို့လိုပါတယ်။ ဒါမှသာအချိန်မလွန်ခင် ထိရောက်အောင် ကာကွယ်နှိမ်နင်းနိုင်မှာဖြစ်ပါတယ်။ “ဖော” ငမြှောင်တောင်မှာ… ဥအဆင့်>လောက်ကောင်အဆင့်၆ဆင့်>ပိုးရုပ်ဖုံးအဆင့်>အရွယ်ရောက်ကောင်ဖလံအဆင့် အဖြစ်ရှင်သန်ကြီး ထွားကြပါတယ်။ အမသည် အပင်ခြေနားကအရွက်မျက်နှာပြင်မှာ ဥမြုံများကိုဥပါတယ်။ ဥမြုံတစ်ခုမှ ဥ(၁၀၀-၂၀၀)ခန့်ပါဝင်ပြီး အမွေးအမျှင်များနဲ့ဖုံးအုပ်ထားပါတယ်။ ဥ(၁၅၀၀-၂၀၀၀)ထိ ဥအုနိုင်ပါတယ်။ ဥမှပေါက်ခါစလောက်ကောင်အဆင့်မှာ အပင်ထိပ်ဖူးနဲ့ အရွက်ရဲ့အောက်မျက်နှာပြင်အစိမ်းရောင်အသားတွေကို ခြစ်စားပြီးညှိုးနွမ်းစေပါ တယ်။ တတိယအဆင့်တွင် အပင်အညွန့်အတွင်းသို့ဝင်၍ အနှံမထွက်ခင် အဆိုးဆုံးဖျက်ဆီးပါတယ်။ အကောင်ကြီးတွေဟာ ပန်းပွင့်တွေရဲ့ဝတ်မှုန်တွေကိုစားသောက်ပြီး ညဘက် တွင် စားသောက်နှုန်းပိုမြင့်ပါတယ်။ ဖော ငမြောင်တောင်ကျရောက်ဖျက်ဆီးတဲ့သီးနှံပင်အမျိုးအစားပေါင်း (၈၀)ကျော်ရှိပါတယ်။ ပြောင်း၊ပြောင်းချို၊နှံစားပြောင်း၊ဘာလီ၊ဝါ၊စပါး၊ပဲပုတ်၊ကြံနဲ့ဂျုံ စတဲ့သီးနှံတွေမှာ ကျ ရောက်ဖျက်ဆီးပါတယ်။ အကောင်အရေအတွက်တိုးပွားမှုဟာ အစားအစာ၊အပူချိန်၊စိုထိုင်းဆတို့အပေါ်မူတည်ပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ဆိုရင်… ✅သီးလှည့် စိုက်စနစ်ကိုကျင့်သုံးပါ။ […]
သဘာဝမြေဩဇာက တကယ်ပဲလိုအပ်သလား ?
admin / July 4, 2024 / Blog သဘာဝမြေဩဇာက တကယ်ပဲလိုအပ်သလား ? သီးနှံပင်တွေမှာ သဘာဝမြေဩဇာထည့်သွင်းခြင်းဟာ ရေရှည်တည်တံ့ခိုင်မြဲစေမယ့် စိုက်ပျိုးရေးစနစ်အတွက် မရှိမဖြစ်အထောက်အပံ့တစ်ခုပါ။ အော်ဂဲနစ်သဘာဝမြေဩဇာ တွေဟာ အကျိုးပြုဇီဝမျိုးကွဲများစွာကို တည်ရှိအောင်ထိန်းသိမ်းနိုင်တဲ့အပြင် မြေဆီလွှာအတွင်း ရေစုပ်ယူမှုနဲ့ရေထိန်းနိုင်မှုကိုလည်း အထူးကောင်းမွန်စေပါတယ်။ ကျန်းမာတဲ့ မြေဆီလွှာကသာ ကျန်းမာသန်စွမ်းတဲ့သီးနှံပင်တွေကို ရရှိစေမှာပါ။ မြေဆီလွှာအတွင်း အာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းဖို့အတွက်ဆိုရင် သဘာဝမြေဩဇာကို မဖြစ်မနေ သုံးပေးဖို့လိုပါတယ်။ မြေကြီးထဲမှာ အပင်တွေအတွက်အရေးကြီးတဲ့ လူတွေမထည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေရှိပါတယ်။ ထိုအာဟာရဓာတ်တွေကို မြေကြီးက ဓာတ်ဖိုစွမ်းအားနဲ့ဖလှယ်ပြီးအပင် တွေအတွက် ထုတ်ပေးနေတာဖြစ်ပါတယ် သဘာဝမြေဩဇာတွေဟာ ဓာတ်ဖိုဖလှယ်နိုင်စွမ်းကို မြင့်မားစေပြီး ဓာတ်မြေဩဇာတွေကို ရေနှင့်အတူဖြိုခွင်းပေးခြင်းဖြင့် အပင်တွေ ကိုအာဟာရဓာတ်များ ထိထိရောက်ရောက် ရရှိစေပါတယ်။ အော်ဂဲနစ်သဘာဝမြေဩဇာများကို ထည့်သွင်းအသုံးပြုခြင်းဟာ သီးနှံအထွက်နှုန်းတိုးစေပြီး မြေဆီလွှာရဲ့ ရုပ်နဲ့ဓာတ် ဂုဏ်သတ္တိများအပြင် […]
ပဲတီစိမ်းစိုက်ပျိုးမယ်ဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်လဲ ?
admin / July 4, 2024 / Blog ပဲတီစိမ်းစိုက်ပျိုးမယ်ဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်လဲ ? ပဲတီစိမ်းကို ရေစီးရေလာကောင်းတဲ့ ဘယ်မြေအမျိုးအစားမှာမဆို စိုက်ပျိုးနိုင်ပါတယ်။ ရေဝပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ပါ။ မြေချဉ်ငံဓာတ် (၅.၅-၆.၅)အတွင်း စိုက်ပျိုးဖြစ်ထွန်းပါတယ်။ မတ်ပဲနဲ့ယှဉ်ရင်တော့ စိုထိုင်းဆနဲ့ ရေငတ်ဒဏ်ကိုခံနိုင်ရည်နည်းပါတယ်။ အပင်ငယ်စဉ် လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ပင်စည်ထိုးယင်တို့ ကျရောက်တတ်ပါတယ်။ (၁၅)ရက်ခြား တစ်ခါပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ အပင်သက်တမ်း(၁၅-၂၅)ရက်မှာ N.P.K နဲ့အနည်းလိုအာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ရွက်ဖျန်းမြေဩဇာသုံးပေးပါ။ ပဲတီစိမ်းသီးနှံရဲ့သက်တမ်းတလျောက် ကျရောက်တတ် တဲ့ရောဂါတွေနဲ့ပိုးတွေကတော့ ပင်ညှိုးရောဂါ၊ဖားဥမှိုရောဂါ၊သံချေးရောဂါ၊ရွက်ခြောက်ရောဂါ၊မှဲ့ပြောက်စွန်းရောဂါ ..စတဲ့ရောဂါများကျရောက်တတ်ပြီး.. လှေးပိုး၊ရွက်ဖောက် လှေးကျိုင်း၊ငမြောင်တောင်၊ရွက်စားပိုး၊ပင်စည်ထိုးယင်၊သီးလုံးဖောက်ပိုး၊ပျပိုးကျိုင်း၊သရစ်လှေးပိုး၊ထွာကောင်စိမ်း၊ယင်ဖြူ၊ရွက်စုံစားခူဝါ တဲ့ပိုးများ ကျရောက်တတ်ပါတယ် သီးကိုင်းဖူးလေးတွေစပြီးထွက်ပေါ်လာတဲ့အချိန်မှာ အာဟာရမချို့တဲ့ဖို့၊ပိုးမွှားမကျရောက်ဖို့ အထူးဂရုပြုသင့်ပါတယ်။ ပန်းပွင့်ချိန်မှာလည်း ရွက်ဖျန်းဆေးစနစ်တကျအသုံးပြုပေး ခြင်းဖြင့် ပွင့်အားကောင်းပြီး သီးတောင့်များစေပါတယ်။ သီးတောင့်ဖြစ်ထွန်းချိန်မှာတော့ သီးလုံးဖောက်ပိုးနဲ့သီးထပ်ပုတ်ရောဂါကို သတိပြုပေးရပါမယ်။ ပဲတီစိမ်းဟာ မျိုး၊ ရာသီဥတုနဲ့ထိန်းသိမ်းစောင့်ရှောက်မှုပေါ်မူတည်ပြီး (၆၅-၉၅)ရက်အတွင်း ရင့်မှည့်လေ့ရှိပါတယ်။ အတောင့်များ […]
Overview of Agriculture in Myanmar: Past and Present
admin / June 27, 2024 / Blog Overview of Agriculture in Myanmar: Past and Present Lorem ipsum dolor sit amet, adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo. Lorem ipsum dolor sit amet, consectetur adipiscing elit. Aliquam varius turpis porttitor, tincidunt leo vel, euismod neque. Maecenas facilisis lacus ut nunc pretium […]