အီးအမ် ၁ဝဝ စီစီ နှင့် ရေ(၄)ဂါလံရောစပ်ပက်ဖျန်းပေးပါ။
အပင်များပေါ်သာမက မြေပြင်ပေါ်သို့ ပက်ဖျန်းပေးပါ။
တစ်ဧက လျှင်ဆေးရည် ၁ဝဝစီစီနှုန်း(၄)ဂါလံဆေးဖျန်း(၁၀)ပုံး ပက်ဖျန်းပေးပါ။
တစ်ရာသီလျှင် (၃)ကြိမ် မှ (၅)ကြိမ်ခန့် ပက်ဖျန်းပေးသင့်ပါသည်။
ရောဂါပိုးမကျမီ ကြိုတင်ပက်ဖျန်းပေးပါ။
နံနက်ပိုင်းနှင့်ညနေ နေအေးချိန်များတွင်သာ ပက်ဖျန်းပါ။
ရေရောပြီးပါကတစ်ရက်အတွင်းကုန်အောင်ပက်ဖျန်းရပါမည်။
နှင်းဆီပန်း၊ သစ်ခွပန်း၊ ဂန္ဓမာပန်း၊ လီလီပန်း၊ သစ္စာပန်း၊ နှင်းပန်း၊ သပြေပန်း စသော ပန်းအမျိုးမျိုးတို့တွင် အသုံးပြုနိုင်ပါသည်။
အီးအမ်သည်အဏုဇီဝသက်ရှိများဖြစ်ပါသည်။
အီးအမ်သည်သဘာဝပတ်ဝန်းကျင်ကိုပြုပြင်ပြောင်းလဲပေးပြီး ရေရှည်အတွက်အကျိုးရှိစေပါသည်။
အီးအမ်ကိုရေရှည်အသုံးပြုခြင်းအားဖြင့် ဓါတုပစ္စည်းများဖြင့် ပြုလုပ်၍မရသော အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
အီးအမ် ၁၀၀စီစီ နှင့် ရေ(၂၅)ဂါလံနှုန်းရောစပ်၍ တိရစ္ဆာန်သောက်ရေအဖြစ်အသုံးပြုခြင်းဖြင့် အစာလမ်းကြောင်းရှိအဏုဇီဝများ၏ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာခြင်း ၊ တိရစ္ဆာန်မစင်မှအနံ့ဆိုးများ လျော့နည်းလာခြင်း ၊ ကြီးထွားနှုန်းပိုမိုကောင်းမွန်လာခြင်းစသောအကျိုးကျေးဇူးများရရှိပါမည်။ ကြက်ခြံများ ၊ ဝက်ခြံများ နွားခြံများတွင် အသုံးပြုနိုင်ပါသည်။ အီးအမ် ၂၀စီစီ နှင့်ရေ(၄)ဂါလံ ရောစပ်ပြီး မွေးမြူရေးခြံနံရံများ ၊ ကြမ်းပြင်များ နှင့် ခြံပတ်ဝန်းကျင်နေရာများသို့ (၇)ရက်ခြားတစ်ကြိမ်ပက်ဖျန်းပေးခြင်းဖြင့် အနံ့ဆိုးများပျောက်ကင်းပြီး တိရစ္ဆာန်များ၏ ကျန်းမာရေးပိုမိုကောင်းမွန်စေပါသည်။အီးအမ်ကိုမိလ္လာကန်များတွင် ကန်ထုထည် (၁%)ထည့်သွင်းပေးခြင်းအားဖြင့်မိလ္လာထုထည်လျော့ကျသွားခြင်း ၊ရောဂါပိုးများကိုသေစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။အီးအမ်ကို ပုံမှန်အသုံးပြုပေးပါက ပဋိဇီဝဆေးများသုံးစွဲရန် မလိုတော့ပါ။ ရေကန်များရေထုညစ်ညမ်းလာပါကကန်ရေထုထည်၏ (၀.၀၅%)အားနှစ်ပတ်တစ်ကြိမ်ထည့်သွင်းပေးနိုင်ပါသည်။ အီးအမ်ကိုရေဖြင့်(၁း၁၀၀၀)နှုန်းရော၍အမှိုက်ပုံများကို အစိုဓါတ်(၃၀%)ရောက်အောင်ပက်ဖျန်းပေးခြင်း ၊ အနံ့ဆိုးများသက်သာခြင်း နှင့် ယင်ကောင်များလျော့နည်းစေပါသည်။အီးအမ်ကို လယ်ကွင်းထဲသို့ သွင်းရေနှင့်အတူ ထည့်ပေးခြင်းဖြင့် မီသိန်းဓါတ်ငွေ့များထုတ်လုပ်မှုကို လျော့ကျစေပြီးကမ္ဘာကြီးပူနွေးမှုကို ကာကွယ်နိုင်ပါသည်။ဓါတုပစ္စည်း လုံးဝ (လုံးဝ) မပါဝင်ခြင်းကြောင့် စိုက်ပျိုးသူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အဆိပ်အတောက်မဖြစ်စေပါ။ ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သော အပင်များ၏ကျန်းမာရေးပြဿနာများ တားဆီးပေးနိုင်ပြီး တစ်ရာသီလုံး ကျန်းမာသန်စွမ်းသော အပင်များရှိစေပါသည်။
နေရောင်ခြည်တိုက်ရိုက်မကျရောက်သည့် အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။
ဓါတုပိုးသတ်ဆေး၊မှိုသတ်ဆေး၊ပဋိဇီဝဆေးများ နှင့် ရောစပ်ပက်ဖျန်းခြင်းမပြုရ။
သောက်သုံးရန် မဟုတ်ပါ။
ဆေးပါဝင်မှု – ၁ဝဝဝ စီစီ
Copyright © 2024 Shwe Tet Lann