Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
ကွမ်းနှင့်ပတ်သက်၍သာမက မည်သို့သော သီးပင်၊ စားပင်မဆို အထူးကောင်းပါတယ်။ ဓါတုမြေဩဇာ၊ ဓါတုဖျန်းဆေးတွေ လှိုင်လှိုင်ပေါ်လာနေတဲ့ကာလမှာ ဓါတုကုန်ကြမ်းလုံးဝကင်းစင်တဲ့ သဘာဝအဟာရ အပင်ရွက်ဖျန်းဆေးတစ်မျိုးဖြစ်ပါတယ်။ ကွမ်းရောဂါများ ကာကွယ်ပြီးဖြစ်မယ်၊ ကွမ်းထွက်နှုန်းကောင်းမယ်၊ ရက်ရှည်အထားခံတယ်။ ဥပမာ - ၁၅ ရက် ခူးရက်စေ့လို့ ခူးရမယ့်ကွမ်းကို ဈေးကတက်ရိပ်ရှိလို့ ၁၈-၂၀ ရက်ကြာမှ ခူးမယ်ဆိုရင် ကွမ်းရွက်က ကျွတ်ခြင်း၊မာခြင်းမရှိပဲ ပျော့ပြောင်းနေဆဲပဲ ရှိနေမှာပါ။ ကွမ်းပင်သာမက အခြားသော အသီးစား၊ အရွက်စား၊ အမြစ်စား၊ ဥစားသီးနှံများကိုလည်း သုံး၍ရသော သဘာဝအာဟာရရွက်ဖျန်းဆေးရည် ဖြစ်ပါတယ်။ ဆေးဖျန်းပုံး ၁ ပုံးမှာ ကွမ်းအထူး 200CC ( ဆေးဗူးတွင်ပါသော ချင်ခွက်နှင့် ၃ ခွက် ) ဖျန်းရမှာဖြစ်ပါတယ်။ စိုက်ဘောင်ပေါ် ပင်တန်းကြား အပင်အားလုံးစိုရွှဲအောင် ဖျန်းနိုင်ပါတယ်။
ကွမ်းအထူးဆိုသည်မှာ ကွမ်းသာမက အခြားသောမည်သည့် သီးနှံများကိုမဆို သုံး၍ရပါသည်။ အပင်များကို အရွက်မှအစာစားစေသော သဘာဝစနစ်ကို ရယူအသုံးပြုထားခြင်းကြောင့် အရွက်မှ သဘာဝအဟာရများကို စုပ်ယူပေးစွမ်းနိုင်ပါတယ်။ ထို့ကြောင့်ရွက်စားသီးပင်ဖြစ်သော ကွမ်းကိုညွှန်းဆိုလိုက်တာပါ။ အခြားသီးနှံ သစ်သီးဝလံ အားလုံး ပါဝင်ပါတယ်။
ရေ ၄ ဂါလံမှာ ကွမ်းအထူးချင်ခွက် ၃ ခွက် အပြည့်ထည့်၍ ၁၅ မိနစ်ခန့်စိမ်၍ စိုက်နိုင်ပါသည်။ ကွမ်းညွန့်အမြစ်ထွက် အားကောင်းမယ်။ သားတက်အထွက်မြန်မယ်။ အပင်ခွဲနှုန်းကောင်းမယ်။ ရောဂါလည်းကင်းပါမည်။ မူလခြံမှာ ရောဂါပါသော ကွမ်းညွန့်မျိုးချိုးလာမိလျှင် သမားတော်မှိုဆေးကို ရေ ၄ ဂါလံ ဆေးဗူးချင်ခွက် ၁ ဖုံးအပြည့်ထည့်၍ စိမ်ပါ။ စိုက်ပင်ရဲ့ဘောင်ပေါ်ကို ကွမ်းအထူးဖြန်းပေးပါ။ ပင်ပွားမြေဩဇာကို EM နှင့်ရောစပ်၍ကျွေးပါ။
ကွမ်းအထူးသည် တစ်ခါဖျန်းလျှင် ၇ ရက်မှ ၁၀ ရက် အာနိသင်ရှိပါသည်။ ထို့ကြောင့် ၇ ရက် တစ်ကြိမ်ဖျန်းလျှင် ပိုကောင်းပါသည်။ အနိမ့်ဆုံး ကွမ်းခူးပြီးတိုင်း တစ်ကြိမ်ဖျန်းပေးပါ။
သဘာဝဆေးများဖြစ်ပါသည်။ ဓါတုနှင့်ရောဖျန်း၍ မရပါ။ ကွမ်းအထူးက ကွမ်းခြံမှာ ၇ ရက် (သို့) ၁၀ ရက်ခြား ဖျန်းလျှင် အကောင်းဆုံးပါ။ အနည်းဆုံးကွမ်းတစ်ခါခူးပြီးတိုင်း တစ်ခါဖျန်းပေးပါ။ ကွမ်းသာမက အခြားသီးနှံများတွင်လည်း ဖျန်းလို့ရပါသည်။ စိုက်ပျိုးသီးနှံများအတွက် လိုအပ်သောအာဟာရအားလုံး ပြည့်ဝစွာပါဝင်ပါသည်။
ကွမ်းအထူးက ကွမ်းပင်ကို ၇ ရက်တစ်ကြိမ်ဖျန်းပေးနိုင်လျှင် ပွဲစားအကြိုက်၊ ဝယ်သူအကြိုက် အကောင်းဆုံးသော အရောင်အသွေးကို ရရှိပါသည်။ ကွမ်းပင်လည်း ရောဂါ ကင်းရှင်းစေပါသည်။
ကွမ်းခြံစတင်ပြီဆိုကတည်းက ကွမ်း ၁၀၀၀ ပင်ပွားတစ်အိတ်၊ EM တစ်ဗူး ( ရောစပ်လူးနယ် ) နှုံး မြေခံထည့်၊ ကွမ်းညွန်ကို ကွမ်းအထူးနှင့် မနက်ပိုင်းစိမ်၊ ညနေပိုင်းစိုက်၊ စိုက်ဘောင်ကို ကွမ်းအထူးဖျန်း၊ ကွမ်းပင်စွဲသွားပြီး ကွမ်းညွန့်ကောက်ပြီး မဂ်လာရွက်စထွက်လာပြီဆိုလျှင် ကွမ်းအထူးကို ၇ ရက် (သို့) ၁၀ ရက်ခြားဖျန်းပေးလျှင် အဆိုပါရောဂါများကိုသာမက မြစ်ပုပ်ပင်သေ၊မြေဆောင်မှို စသည့်ရောဂါများကိုပါ ကောင်းစွာကာကွယ်ပေးနိုင်ပါသည်။ ရောဂါရှိသောခြံမှ ကွမ်းညွန့်ကိုချိုးမိလျှင်တော့ ရွှေတက်လမ်း မှိုဆေးပါထည့်ဖျန်းပေးရပါမည်။
ကွမ်းခြံနှင့်ပတ်သက်၍ တိကျစွာရောဂါကာကွယ်လိုပါလျှင် ကွမ်းတစ်ထောင်ခြံကို ပင်ပွားတစ်အိတ်၊ EM တစ်ဗူး ရောနယ်ကာ ၃ ညအိပ်နှပ်ထားပြီးလျှင် မြေခံထည့်ပါ။ ကွမ်းစိုက်ပြီး ၁၅ ရက်ကြာမှာ ကွမ်းအထူးကို စိုက်ဘောင်ရော ကွမ်းပင်ပါ ဆေးဗူးပါအညွှန်းအတိုင်းဖျန်းပါ။ ကွမ်းနှင့်ပတ်သက်၍ ကျန်းမာရေးပြည့်ဝစွာ ကာကွယ်ပေးပါသည်။ ကွမ်းပင်စတင်စိုက်ခါစဖြစ်တတ်သော မြစ်ပုတ်ပင်သေ၊ မြေဆောင်မှို ၊ မြေတွင်ပိုးများကို ကာကွယ်နိုင်ပြီး ကွမ်းပင်အစွဲမြန်ခြင်း၊ ပင်ပွားသားတက်များခြင်း၊ ရွက်ဆိုဒ်ကြီးခြင်း၊ နေဒါဏ်မိုးဒါဏ် ခံနိုင်ခြင်းအကျိုးကျေးဇူးများ ရပါသည်။ရောဂါကျနေသော အပင်ကို သုံးမည်ဆိုလျှင် ပင်ပွားမြေဩဇာကို EM နှင့် ရောစပ်လူးနယ် ၃ ည နှပ်ပြီး ကွမ်းပင် ၂ တန်းကြားကို ဟင်းစားဇွန်းတစ်ဇွန်း မောက်မောက် ဖြန့်ကျွေးပါ။ ထို့နောက် သမားတော် သဘာဝမှိုရောဂါကာကွယ်ကုသဆေးကို ၄ ဂါလံတစ်ပုံးလျှင် ဆေးဗူးပါချင်ခွက် ၁ ခွက်အပြည့်ထည့်၍ ကွမ်းပင်နှင့် ကွမ်းစိုက်ဘောင်တို့ကို ညနေပိုင်းမှာဖျန်းပေးပါ။ ရွှဲရွှဲစိုအောင် ဖျန်းပေးပါ။နောက်တစ်နေ့မနက်ပိုင်းတွင် ကွမ်းအထူးဆေးု ဆေးတစ်ပုံးလျှင် ဆေးဗူးပါချင်ခွက် ၃ ခွက်ထည့်၍ ဖျန်းပေးပါ။ နောက်တစ်နေ့ညနေမှာ ဟာဘယ်ပိုးပြေးပိုးနှင်ဆေးကို ဆေး ၁ ပုံးလျှင် ချင်ခွက် ၂ ခွက်ထည့်၍ ဖျန်းပေးပါ။ ထိုစနစ်အတိုင်း နောက်တစ်ရက်ခြားလျှင် ဆေးပတ်တစ်ပတ်လည်အောင် ထပ်ဖြန်းပေးပါ။ ထိုကဲ့သို့ ၃ ကျော့ဖြန်းပြီးလျှင် ကွမ်းရောဂါကျခြင်းကို ကောင်းစွာကုသနိုင်ပါသည်။ ရိုးမည်းကြောင့် အပေါ်ပိုင်းပြတ်ကျသွားသော ကွမ်းပင်တွင် အောက်မှကျန်သော အပင်မှ ထွက်လာသော သားတက်တို့ လုံးဝရောဂါကင်းနေကြောင်း တွေ့ရပါမည်။ ရွှေတက်လမ်းသဘာဝဆေးများရဲ့ ရောဂါကုထုံးဖြစ်ပါသည်။
EM ဆိုတာကတော့ ( Effective Micro Organisms) ခေါ်တဲ့ အသက်ရှိ အကျိုးပြုအဏုဇီဝတွေ သန်းချီပါဝင်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သန့်ရှင်းရေး ဘက်စုံသုံး သဘာဝဆေးဘက်ဝင် အဏုဇီဝဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ တောင်သူများ ဉာဏ်ရှိသလို နည်းလမ်းမျိုးစုံ သုံးလို့ရပါတယ်။စိုက်ပျိုးမြေဆီလွှာမှာ အကျိုးပြုအဏုဇီဝများစွာ များစွာဆင့်ပွားပြီး ပွားများနိုင်စွမ်းရှိပါတယ်။ ပင်ပွားနှင့် EM သာရှိမည်ဆိုလျှင် တောင်သူများရဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ ရာနှုန်းပြည့်နီးပါး အောင်မြင်နိုင်ပါတယ်။ EM ဟာ အသေးစိတ်ရှင်းပြဖို့ မလွယ်လှပါဘူး။ အကျိုးကျေးဇူးအလွန် ကျယ်ပြန့် ပါတယ်။ ခုထိတိုင်အောင် EM ရဲ့ ကောင်းကျိုးသုတေသန ရှာဖွေတွေ့ရှိချက်တွေ ဆက်လက်ပေါ်ထွက်နေဆဲပါ။
EM ကိုစပါးသော်လည်းကောင်း၊ ပဲသော်လည်းကောင်း၊ အခြားသီးနှံများတွင်သော်လည်းကောင်း မြေပြင်ချိန်မှာ ပင်ပွား ၂ အိတ်၊ EM ( ၂ ) ဗူးရောနယ်ပြီးသုံးပါ။ ကွမ်းခြံမှာသုံးရင် ပင်ပွားနှင့် EM ရောနယ်ပြီး ၁၀၀၀ ခြံတစ်အိတ်သုံးပါ။ သီးနှံပင်များတွင် အကျိုးပြုအဏုဇီဝများပွားစေရေန် ဆေးပုံးတစ်ပုံးလျှင် EM ၁၀၀ စီစီ ရောဖြန်းပါ။ ကွမ်းခြံများတွင် ကွမ်းခူးခါနီး ၂ ရက်အလိုမှာဖြန်းလျှင် ကွမ်းတာရှည်ခံ၍၊ အလေးချိန်တိုးပါသည်။ စိုက်ပျိုးရေးသာမက မွေးမြူရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများပါ သုံးလို့ရပါသည်။ သုံးစွဲရန်အညွှန်းအသေးစိတ်ကို EM ဖျော်ရည်ဗူးများမှာ ဖေါ်ပြထားပါသည်။
EM နှင့်ပေါင်းပင်များဆွေးမြေ့စေခြင်းတွင် နည်းစနစ်ရှိပါသည်။ ဓါတ်ဆား ( ၇ ) ပြည်၊ဖွဲနု၁တင်းရော၍ လယ်ထဲမှာကျဲပက်ပြီး EM ကိုအညွှန်းအတိုင်း ဆက်လက်ဖြန်းပေးပါ။ ပြီးလျှင် ရိုးပြတ်များမြုတ်သည်အထိ ရေသွင်းပေးပါ။ ( ၇ ) ရက်ကြာလျှင် လုံးဝဆွေးမြေ့စေပါသည်။ နည်းစနစ်အရေးကြီးပါသည်။ EM သီးသီးဖြန်းမည်ဆိုလျှင် ၄၅ ရက်ကြာပြီးမှ ရိုးပြတ်များဆွေးမြေ့မည်ဖြစ်ပါသည်။
( EM+ ) ရဲ့အကျိုးကျေးဇူးများက အလွန်တရာကျယ်ပြန့်ပါသည်။ EM ရဲ့အပင်များနှင့် လူအများကျန်းမာရေးသဘာဝပတ်ဝန်းကျင် ကာကွယ်နိုင်မှုတို့ကို ရွှေတက်လမ်း (ဧရာဝတီတိုင်းပင်ပွားဖြန့်ချိရေးကိုယ်စားလှယ်) ဖေ့ဘုတ်စာမျက်နှာတွင် အကျယ်တဝင့်တင်ပြထားပါသည်။ EM ရဲ့စွမ်းဆောင်ရည် တွေ့ရှိချက်များမှာ ယခုထက်တိုင် သုတေသနပြု၍မကုန်နိုင်သေးပါ။
စပါးပင်များတွင် ပေါင်းသတ်ဆေး ဖျန်းလိုက်လျှင် မြေဆီလွှာမှာရှိသည့် သဘာဝအကျိုးပြုအဏုဇီဝပိုးများအားလုံး မျိုးတုန်းသည်အထိ ပျက်ဆီးသွားပါသည်။ မိမိတို့လယ်ယာမြေထဲတွင် အဆိုပါအကျိုးပြုအဏုဇီဝများ မရှိပါက စိုက်ပျိုးရေးနှင့်သီးနှံအထွက်နှုန်းကို ရာခိုင်နှုန်းများစွာ ထိခိုက်စေပါသည်။ ထို့ကြောင့်ပေါင်းသတ်ပြီးလျှင် EM ဖြန်းပေးရခြင်းဖြစ်ပါသည်။
ရပါတယ်။ ပင်ပွားရဲ့အာနိသင်ကတော့ အပြည့်အဝရမှာပါ။ EM ရဲ့အကျိုးတော့မရဘူးပေါ့။ EM ဆိုတာက သက်ရှိစွမ်းအားပြည့် အကျိုးပြုအဏုဇီဝတွေကို အဆင့်မြင့်နည်းပညာနှင့် ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ပင်ပွားနဲ့ပေါင်းစပ်ပြီး သုံးမယ်ဆိုပါက အပင်ရော မြေဆီလွှာပါ သီးနှံထွက်နှုန်းတင်မကပဲ ထွက်ရှိလာတဲ့သီးနှံမှာပါ သဘာဝ အာဟာရဓါတ်ပြည့်ဝစွာပါပါမည်။ ရေရှည် အထားခံမယ်၊ အချိန်ပိုစီးမယ် စတဲ့ အရည်အသွေးတွေပိုလာပါတယ်။ ဉပမာပေးပြောရရင် စာမေးပွဲတစ်ခုမှာ အောင်မှတ်နဲ့ ဂုဏ်ထူးမှတ် မိတ်ဆွေကြိုက်တာ ရွေးချယ်ခွင့် ရှိပါတယ်။
မြေဆီလွှာရဲ့ ချဉ်/ငံကိန်း၊ OM ခေါ် သဘာဝမြေဆွေးဓါတ်ညွှန်းကိန်းများအပေါ် မူတည်ပါသည်။ မြေလွှာပျက်ဆီးမှုများနေလျှင် ပင်ပွား ၃ အိတ်၊ EM ၃ ဗူး ရောသုံးရပါမည်။ စိုက်ပျိုးရေးရာသီအတွင်းမှာ EM ၂ ကြိမ်လောက်ဖျန်းပေးနိုင်လျှင် မြေဆီလွှာရော စိုက်ပင်အတွက်ပါ အပြီးတိုင်ကောင်းမွန်ပါသည်။ တစ်ရာသီပြီး တစ်ရာသီ ပုံမှန်သွားလျှင် အကောင်းဆုံးမြေဆီလွှာကို ရရှိပါမည်။ သီးနှံပင်များ ရာသီဒါဏ်၊ ရောဂါဒါဏ်၊ မှိုဒါဏ်၊ ပိုးဒါဏ်များ အပင်တွင်းမှာခံနေရပြီး ဓါတုမှိုဆေး ပိုးဆေးများလည်း အဆိပ်သင့်အာနိသင်တွေသာများလာပါသည်။ လူသားထုတစ်ရပ်လုံးရဲ့ စားသုံးသီးနှံတွေကြောင့် ကျန်းမာရေးထိခိုက်လာရသော်လည်း ပိုးတွေမှိုတွေကတော့ မနိုင်ကြပါ။ သဘာဝမြေဩဇာ၊ သဘာဝဆေးများကသာလျှင် အကောင်းဆုံးကာကွယ် ကယ်တင်နိုင်မည့် ဆေးများဖြစ်ပါတယ်။ နည်းစနစ်တကျ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
Suspendisse ut ultricies augue. Sed at leo vitae tempus. Quisque a vel nulla vestibulum eleifend at id augue. Nullam volutpat justo eget justo finibus mattis. Nam, massa sit amet euismod fermentum.
မြေလွှာမှာပေါက်သောအပင်ဟူသ၍ အပင်စုံသုံးလို့ရပါတယ်။ အပင်အမျိုးအစား သက်တမ်းအနုအရင့်၊ သီးစား၊ နှံစား၊ ရွက်စား၊ ဥစား၊ နှစ်တိုပင်၊ နှစ်ရှည်ပင် စသည်ဖြင့် အပင်အမျိုးအစားအလိုက် သုံးစွဲပုံ အချိုးအစား၊ နည်းစနစ် အမျိုးမျိုးရှိပါတယ်။
တောင်သူများစိတ်ကြိုက် သီးသန့်သုံးသည်ဖြစ်စေ ဓါတုနှင့်တွဲ၍ဖြစ်စေ အဆင်ပြေသလိုသုံးနိုင်ပါတယ်။ ဓါတုများနဲ့ တွဲသုံးရင် သုံးစွဲပုံအချိုးအစားနည်းစနစ် ရှိပါတယ်။
ပင်ပွားသဘာဝမြေဩဇာကို ဓါတု ( ဓါတ်ဆားကွန်ပေါင်း NPK ပတ်လည်များ ) နဲ့ တွဲသုံးမယ်ဆိုရင် ပင်ပွား ဓါတု ၄း၁/၃း၁ ပင်ပွား ( ၄ ) အိတ် ဓါတု ( ၁ ) အိတ် (သို့) ( ၃ ) အိတ် ( ၁ ) အိတ် ၊ ပြည်ချင်နဲ့ဆိုရင် ပင်ပွား ( ၄ ) ပြည် ဓါတု ( ၁ ) ပြည် (သို့) ပင်ပွား ( ၃ ) ပြည် ဓါတု ( ၁ ) ပြည်ကို ရောစပ်သုံးစွဲလို့ရပါတယ်။ ပင်ပွားနဲ့ဓါတုကို နှံ့စပ်သမအောင် ရောနယ်ပြီးလျှင် လေလုံသောပီနံအိတ်ထဲတွင် အနည်းဆုံး ၂ ညမှ ၃ ညအထိ နှပ်ထားပြီးမှသုံးရပါမည်။ ( ၇ ) ရက် ( ၁၀ ) ရက်ခန့်နှပ်ထားနိုင်လျှင် ပိုကောင်းပါသည်။ အကောင်းဆုံးသော သဘာဝနှင့် ဓါတုမိတ်ဖက်ဖြစ်သွားပြီး အချိုးအစားမှန်ကန်မျှတသော မြေဩဇာအဖြစ် အသင့်သုံးရုံပါ။
ပထမဦးစွာ ထွန်ရေးငင်မြေပြင်ချိန်တွင် ၂ အိတ်၊ စိုက်ပြီး ပထမ ( ၁၅/၂၀ ) ရက်မှာ ၁ အိတ်၊ ( ၃၀/၃၅ ) ရက်မှာ ၁ အိတ်နှင့် နောက်ဆုံး စပါးပင်အောက်သိမ်းလို့ အဖုံးအလုံးဝင်ချိန်မှာ ၁ အိတ် စုစုပေါင်း ၅ အိတ် သုံးရပါမည်။ ပထမဆုံးမြေပြင်ချိန်မှာ လယ်မြေတစ်ဧကကို ပင်ပွား ၂ အိတ်နှင့် EM ( အကျိုးပြုအဏုဇီဝဖျော်ရည် ) ၂ လီတာ ရောသုံးရပါမယ်။ ပင်ပွား ၂ အိတ်ကို အခင်းတစ်ခုပေါ်မှာ သွန်ချလိုက်ပြီး EM ၂ ဗူးကို အဖုံးထိပ်မှာအပေါက်ငယ်လေးများဖေါက်ပြီး ရေပြွတ်ထိုးသကဲ့သို့ ပက်ဖြန်းပေးပြီး နှံ့စပ်အောင်လူးနယ်ရပါမည်။ လူးနယ်ပြီးမြေဩဇာအရောကို မူလပင်ပွားအိတ်ထဲသို့ပြန်ထည့်၊ လေလုံအောင်အဝကို ပီနန်ကြိုးနှင့် အကြပ်ချည်ပြီး အိတ်ကိုဇောက်ထိုးထား၍ အနည်းဆုံး၃ည နှပ်ထားပြီးလျှင် မြေခံကျဲပက်ပေးပါ။ မြေခံတွင် ဓါတုဓါတ်ဆား လုံးဝမသုံးရပါ။ စိုက်ပျိုးပြီး ( ၁၅/၂၀ ) မှတစ်ကြိမ် ( ၃၀/၃၅ ) ရက်မှာတစ်ကြိမ်နှင့် အောက်သိမ်းချိန်မှာတစ်ကြိမ် ကြွေးရပါမည်။
ပင်သွားသီးသန့်သုံးတဲ့ လယ်တွေ စိုက်ခင်းတွေရှိပါတယ်။ ထက်နှုန်းကွာခြားချက် မရှိသလောက်ပါပဲ။ သို့သော် တောင်သူ့ စိတ်မှာက ဓါတ်ဆားမှ ဓါတ်ဆား စွဲလန်းမှုများနေပြီး ဓါတ်ဆားတွဲသုံးကြတာပါ။ ပင်ပွားသီးသန့်သုံးတာကတော့ ဓါတ်ဆားသုံးစိုက်ခင်းလောက် အပင်တက် မမြန်ပါ။ အတက်နှေးပါတယ်။ တက်လာသောအပင်နဲ့ မြေဩဇာစားသုံးမှုစွမ်းဆောင်ရည် အကြာကြီးခံပါတယ်။ အပင်ကျနှေးပါတယ်။ ဓါတ်ဆားသုံးစိုက်ပင်ကတော့ ဟုန်းခနဲတက်လာပြီး မကြာခင်မှာပဲအပင်ပြန်ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် ပင်ပွားသီးသန့်သုံးရင် အပင်အတက်နှေးတယ်ဆိုပြီး တောင်သူစိတ်မှာ အားမလို အားမရ ဖြစ်တတ်ပါတယ်။ အပင်ထွက်နှုန်းမကွာတာကတော့ သဘာဝမြေဩဇာသုံးလို့ အပင်က ရာသီဥတုဒါဏ်၊ မှိုဒါဏ်၊ ပိုးဒါဏ် ခံနိုင်ရည်ရှိပြီး အပင်ရဲ့ အသီးအနှံ အစေ့အဆံ အောင်တယ်၊ အလေးချိန် စီးတယ်၊ အသီးအနှံရဲ့ ပြည့်ဝသော သဘာဝအဟာရ ကိုစားသုံးရပါမယ်။ မြေဆီလွှာမှာလည်းပဲ သဘာဝမြေဩဇာ အဆီအနှစ်ဓါတ်ကြွင်းတွေများပြီးကျန်ခဲ့တာဖြစ်လို့ မိမိရဲ့စိုက်ပျိုးမြေဟာ တစ်ရာသီထက် တစ်ရာသီ ပိုကောင်းလာမှာပါ။။
ရပါတယ်။ မည်သို့သောမြေဩဇာများနှင့်မဆို တွဲသုံးလို့ရပါတယ်။ ပင်ပွားကြောင့် ဆိုးကျိုးလုံးဝ မဖြစ်စေရပါ။ သုံးစွဲတဲ့ အချိုးအစားနည်းစနစ်တော့ မှန်ကန်ဖို့လိုပါတယ်။
ဓါတ်ဆားအစွဲကြီးတဲ့သဘောပါ။ သုံးလို့မရမရှိပါ။ ရပါတယ်။ ဓါတ်ဆားဖိုးငွေ ပိုကုန်တာပေါ့။ စံသတ်မှတ်နှုန်းက ၅ ပြည်မှ ၇ ပြည်အထိပါပဲ။ ဒါတောင် ပထမတစ်ရာသီမှာပဲ ၅ ပြည်မှ ၇ ပြည် ပေးတာပါ။ ပင်ပွားရဲ့စွမ်းဆောင်မှုကြောင့် မြေဆီလွှာ ကောင်းလာပြီးဖြစ်တဲ့အတွက် နောက်ရာသီတွေကျရင် ပင်ပွားတစ်အိတ်ကို ဓါတ်ဆား ၄ ပြည် ရောရုံနဲ့တင်ပဲ မြေကောင်းသထက်ကောင်းပြီး၊ အပင်ရော ထွက်နှုန်းရော ပိုမိုကောင်းမွန်လာမှာပါ။ ပင်ပွားရဲ့ မူလ ပထမရည်ရွယ်ချက်ကိုက ဓါတုလျှော့ချရန်၊ ပျက်ဆီးနေသောမြေဆီလွှာ ပြင်ရန်၊ သီးနှံအဆိပ်မသင့်စေပဲ သဘာဝအာဟာရတွေ စားသုံးကြရန်နှင့် တောင်သူများငွေကုန်သက်သာ၍ ဝင်ငွေတိုးစေရန်ပါ။
ပင်ပွားသုံးထားသောသီးနှံဟာ အပင်ကြံ့ခိုင်မှုအားကောင်းမယ်၊ အမြစ်ဆင်းအားကောင်းတယ်၊ အမြစ်များဟာ ရောဂါကင်းပြီးဖြူဖွေးနေစေပါတယ်။ ရာသီဉတုဖေါက်ပြန်ပြီး ပိုးမျိုးစုံကျခြင်း၊ မှိုရောဂါကျခြင်းတို့ကို ပြည့်ဝစွာကာကွယ်ပေးနိုင်ပါတယ်။ သုံးစွဲပုံနည်းစနစ် အချိုးအစား မှန်ကန်စွာနဲ့ ညွှန်ကြားချက်များအတိုင်း အသုံးပြုဖို့တော့ လိုပါတယ်၊ မိတ်ဆွေရဲ့ လယ်မြေ၊ ခြံမြေတို့မှာ သဘာဝမြေဆွေးဓါတ်၊ မြေချဉ် မြေငန်နှုန်း အပူချိန်နှင့် စိုထိုင်းဆ ၊ရေစိုဓါတ် ထိမ်းသိမ်းနိုင်စွမ်းတို့ကို တိုင်းတာဖို့လိုပါတယ်။ ရွှေတက်လမ်းမှလဲ ကူညီတိုင်းတာပေးပါတယ်။ ရာသီချိန်မှာ ကျရောက်လာတတ်တဲ့ မှိုနဲ့ပိုးတို့ ကျရောက်လာမယ်ဆိုရင်တောင်မှ ရွှေတက်လမ်းမှ ထုတ်လုပ်သော သဘာဝပိုးပြေးပိုးနှင်ဆေး ၊မှိုဆေးများနှင့် ကာကွယ်ကုသလို့ရပါတယ်။
ပဲစိုက်ရာသီမှာ ပင်ပွားမြေဩဇာကို ၁ ဧက ၂ အိတ် + EM ၂ ဗူးနဲ့ လူးနယ်ပြီး မြေခံထည့်ပေးရပါမယ်။ ပဲမှာ တောင်သူအများစုဟာ မြေခံထည့်သော အလေ့အထမရှိကြပါ။ သို့သော် ထည့်ကြည့်ပါ။ သုံးကြည့်ပါ။ မြစ်ပုတ်ပင်သေဝင်ခြင်း၊ ရွက်ဝါထိုးခြင်း၊ မြေတွင်းအောင်းပိုးနှင့် မြေဆောင်မှိုရောဂါများဖြစ်ခြင်း၊ အပွင့်ဝင်ချိန်(သို့)အပင်စက်ြာလည် အရွက် ၄ ရွက်ထွက်ချိန်လောက်မှာ ပဲပင်တွေသေခြင်း စတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပဲအပွင့်နှုန်းများမယ်။ ပဲတောင့်ထွားမယ်။ အစေ့အဆံအောင်မယ်။ အလေးချိန်စီးမယ်။ ဒါတွေကြောင့် သေချာပေါက် ထွက်နှုန်းတိုးစေရန် အာမခံပါတယ်။
ပင်ပွားသဘာဝမြေဩဇာကို ကွမ်းခြံမှာသုံးရင် မြေပြင်စဉ်မှာ ကွမ်းပင် ( ၁၀၀၀ ) ခြံကို မြေခံတစ်အိတ် ၊ EMတစ်ဗူး ရောနှောလူးနယ်ပြီး ထည့်ပေးရပါတယ်။ ပင်ပွားနဲ့ EM အရောကို အိတ်ထဲမှာအနည်းဆုံး ၃ ည နှပ်ပြီးတော့မှ သုံးပါ။ ကွမ်းပင်စွဲသွားလို့ ကွမ်းညွန့်ကောက်ပြီး အစာစတင်ကျွေးချိန်မှာ အပင် ၄ ပင် (တိုင်၄တိုင်) ကြားကို ဟင်းစားဇွန်း ၁ ဇွန်း မောက်မောက် ( ၁၅ ) ရက် ( သို့ ) ၁၀ရက် တစ်ကြိမ် ကျွေးပေးပါ။ ဓါတ်ဆားနဲ့ရောပြီးသုံးမယ်ဆိုရင် ပင်ပွား ( ၄ပြည် ဓါတ်ဆားတစ်ပြည်နှုန်း ) ရော၍ ၃ ညနှပ်ထားပြီး ဟင်းစားဇွန်း ၁ ဇွန်းနှုန်း ကျွေးပေးရပါမည်။
ကွမ်း ( ၁၀၀၀ ) ခြံကို ပင်ပွားတစ်အိတ် EM တစ်ဗူးအတွဲဟာ ကွမ်းခြံတစ်ခြံ အောင်မြင်စွာဖြစ်ထွန်းဖို့၊ ရောဂါကင်းဖို့၊ ကွမ်းချိန်ကွမ်းထွက်တိုးဖို့၊ ကွမ်းပင်နှစ်ရှည်ခံဖို့အတွက် အကောင်းဆုံးသောအခြေခံဖြစ်ပါတယ်။ ဒီနှုန်းအတိုင်း မြေခံသုံးမယ်ဆိုရင် ကွမ်းမြစ်ပုပ်ပင်သေဝင်တာ၊ရိုးမဲဆစ်ပြုတ်ဖြစ်တာ ၊မြေဆောင်မှိုရောဂါဝင်တာတွေကို ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်။ ကွမ်းနဲ့ပတ်သက်တဲ့ဆိုးကျိုးများကို ကွာကွယ်ပေးပြီး ကွမ်းရွက်ပျော့ပြောင်းခြင်း၊ ရွက်သားထူခြင်း၊ အရွယ်အစား ရောင်းတန်းဆိုဒ်မှီခြင်း၊ ကွမ်းရွက်တာရှည်အထားခံခြင်း စတဲ့ကောင်းကျိုးများကို ရရှိပါမယ်။ ကွမ်း ၁၀၀၀ ခြံစိုက်ဖို့ ယခုအခါတွင် ကွမ်းခြံတိုင်ဖိုး၊ ကွမ်းညွန့်ဖိုး၊ လုပ်သားခ စတာတွေကိုတွက်ချက်ရင် ငွေကျပ် ၇ သိန်းနှင့် ၈ သိန်းကြားတွင်ကုန်ပါတယ်။ဒီတော့ မြေခံအစား ငွေကျပ် ၃သောင်းခွဲဝန်းကျင် သုံးလိုက်တာနဲ့ ကိုယ့်ရဲ့ကွမ်းခြံ ရာသက်ပန်ကောင်းကျိုးရစေပါတယ်။
ဟုတ်ပါတယ်။ အဲဒီနှုန်းက အထက်အညာဘက်က ကွမ်းခြံတွေမှာ သုံးတဲ့နှုန်းပါ။ သူတို့ဆီက ကွမ်းပင်တွေက တပင်နဲ့ တပင် အနည်းဆုံး ၂ တောင် ( ၃ပေ ) လောက်ခြားပြီးစိုက်ကြတာပါ။ ဒါ့ကြောင့် နို့ဆီဗူးတစ်ဝက် ကျွေးတာပါ။ ကျွန်တော်တို့ အောက်ပြည်အောက်ရွာက ခြံတွေက ပင်ကြားတန်းကြား ( ၇/၈ )လက်မလောက်ပဲ ခြားတဲ့အတွက် ၄ ပင်ခြားကို ဟင်းစားဇွန်း ၁ဇွန်းပဲ ကျွေးရတာပါ။
သဘာဝနိုက်ထရိုဂျင်ဖြစ်ပါတယ်။ စွမ်းအားအလွန်ပြည့်ဝပါတယ်။ ပြောပြရရင် အများကြီးကိုပဲ ကျယ်ပြန့်လှပါတယ်။ အကျဉ်းချုံးပြောရရင် ပင်ပွားမှာပါဝင်ပေါင်းစပ်ထားတဲ့ သဘာဝမြေဆွေးဓါတ်အဟာရပြည့်ဝစေတဲ့ အစွမ်းအာနိသင်တွေကြောင့် ပင်ပွားသုံးအပင်များဟာ လေထုထဲမှာ သဘာဝအတိုင်းစီးမြောပါဝင်နေတဲ့ သဘာဝနိုက်ထရိုဂျင်ကို စုပ်ယူစားသုံးနိုင်ပါတယ်။ လေထဲမှာပါဝင်စီးမြောနေတဲ့ သဘာဝနိုက်ထရိုဂျင်ဟာ ၈၇.၈% အထိရှိပါတယ်။ ထိုနည်းတူစွာ ပင်ပွားသဘာဝမြေဩဇာဟာ အပင်များရဲ့ အဟာရလိုအပ်ချက် အဟာရဒြပ်စင် ၁၆ မျိုးလုံးကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။ ရှေးဘိုးဘွားဘီဘင် တောင်သူကြီးများဟာ ဓါတုနိုက်ထရိုဂျင်၊ ပိုတက်၊ ဆာလ်ဖါများကို မကြားဖူး၊ သီးသန့်ဝယ်မသုံးဖူးကြပါ။ သို့သော် လယ်ထဲကို နွားချေး၊ နွားသေး၊ အမှိုက်တွေ နှစ်စဉ် ထုထုထည်ထည်ချပြီး စိုက်ခဲ့ကြတာမဟုတ်ဘူးလားခင်ဗျာ။ အဲဒါတွေကရတဲ့ သဘာဝမြေဆွေးဓါတ် ( Organic Matter ) ပြည့်ဝနေတဲ့အတွက် အခြားသောဖြည့်စွက်စာ ဘာမှမလိုပဲ အပင်တွေကောင်းနေတာဖြစ်ပါတယ်။ အဲဒီ အဓိကကျတဲ့ OM ကို ၂၅% ပေးထားပါတယ်။ အခြားသောအဟာရများကတော့ အပင်များအတွက်လိုအပ်တဲ့ လုံလောက်တဲ့အချိုးအစားကို ထည့်သွင်းစီမံထားခြင်းဖြစ်ပါတယ်။ အပင်တွေ သဘာဝလေထုထဲမှာ စီးမြောနေတဲ့ အဟာရဖြစ်ဒြပ်စင်များကို စားသုံးနိုင်စေဖို့အတွက် ပင်ပွားမြေဩဇာဟာ သီးနှံပင်များအတွက် သဘာဝအဟာရတံခါးဖွင့်ပေးတဲ့ မြေဩဇာ ဖြစ်ပါတယ်။
ကွမ်းခြံတွေဟာဆိုရင် ခုလိုမိုးဉီးကျရာသီမှာ ကွမ်းပင်ရောဂါထူပါတယ်။ ကွမ်းပင်အသေအပျောက် အများဆုံးရာသီပါ။ တချို့ဆို ပင်ကြီးတွေလဲသေတယ်၊ နောက်စိုက်ပင်ငယ်တွေလဲ သေကြလို့ နှုတ်လိုက် ပြန်စိုက်လိုက်နဲ့ ရပြီးသမျှ ပြန်ကုန်ရတဲ့ အရှုံးရာသီဖြစ်ပါတယ်။
ကွမ်းနဲ့ပတ်သက်လို့ ရွှေတက်လမ်း(ပင်ပွား)လုပ်ငန်းစုမှာ ထိရောက်တဲ့ကုထုံးတွေ ရှိပါတယ်။ ပင်ခြေကို ပင်ပွားကျွေးမယ်၊ အပင်နဲ့ဘောင်ကို ကွမ်းအထူးအဟာရဆေးရည်၊(သမားတော်)မှိုဆေးရည်၊(ဟာဘယ်)ပိုးဆေးရည်တွေကို ကျွန်တော်တို့ညွှန်ကြားချက်အတိုင်း စနစ်တကျသုံးစွဲမယ်ဆိုလျှင် ကောင်းစွာကာကွယ်ကုသနိုင်ပါတယ်။ ရောဂါကျရောက်မှုလည်း သက်သာပျောက်ကင်းစေပါတယ်။
ကွမ်းခြံမှာ ရိုးမဲဆီစွန်း၊ ဒေါင်းမီးကွက်၊ မြစ်ပုတ်ပင်သေ ဝင်နေပြီဆို ကွမ်းခြံကို လေဝင်လေထွက်ကောင်းအောင် ဘေးအကာအရံများကို ဖွင့်ပေးထားပါ။ ကွမ်းပင်ရဲ့ ၄ ပင်ခြားကို ပင်ပွားနဲ့ EM မြေဩဇာအရောကို ဇွန်း ၁ ဇွန်း ၁၀ ရက်ခြားတစ်ကြိမ် ကျွေးပါ။ကျွေးပြီး ပထမညနေ ၄ နာရီနောက်ပိုင်းမှာ ( သမားတော် ) မှိုဆေး ၄ ဂါလံတစ်ပုံးလျှင် ဆေးဗူးမှာပါဝင်တဲ့ချင်ခွက် ၁ ခွက် အပင်အားလုံးအထက်အောက် ပင်ခြေပါမကျန် ရွှဲအောင်ဖျန်းပေးပါ။ နောက်နေ့မှာ ကွမ်းအထူးဆေးကို ဆေးဗူးပါချင်ခွက် ၃ ခွက်ကို ရေ ၄ ဂါလံသံပုံးနှင့် ရောစပ်၍ ရွှဲရွှဲဖျန်းပေးပါ။ မနက်စောစော ၉ နာရီမထိုးမှီ ဖျန်းပေးရမှာဖြစ်ပါတယ်။ နောက်တနေ့ ညနေမှာ ( ဟာဘယ် ) ပိုးပြေးပိုးနှင်ဆေးကို ဆေးဗူးပါချင်ခွက် ၂ ခွက်နှင့် ရေ ၄ ဂါလံရောစပ်ပြီး စိုက်ဘောင်ရော အပင်များပါ ရွှဲအောင်ဖျန်းပေးပါ။ နောက်နေ့ တရက်ခြားပြီးလျှင် ပထမ ( သမားတော် ) မှိုဆေး၊ နောက်နေ့မနက် ကွမ်းအထူး၊ နောက်ညနေ (ဟာဘယ်)ပိုးဆေး စသည်ဖြင့် ၃ ကျော့ ဆက်တိုက်ဖျန်းပေးပါ။ အားလုံးပြီးလျှင် ၄ ဂါလံတစ်ပုံးကို EM 100 CC ရော၍ ညနေပိုင်းမှာ ဖျန်းပေးပါ။ အဆိုပါရောဂါများနှင့်ပတ်သက်၍ အကောင်းဆုံးကာကွယ်ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ ကွမ်းရောဂါနှင့်ပတ်သက်လို့ ကုထုံးတစ်ဆက်စာဖြစ်ပါတယ်။
နိုင်ငံရပ်ခြားကသွင်းရတဲ့ ဓါတုပစ္စည်းလုံးဝမပါလို့ ဒီဈေးမျိုးရောင်းနိုင်တာပါ။ အားလုံးဟာ ပြည်တွင်းဖြစ် သဘာဝအာဟာရတွေပါ။ တောင်သူများခံစားနေရတဲ့ ဓါတုဆိုးကျိုးထွက်ပေါက်ကိုဖွင့်ပေးတဲ့ သဘာဝမြေဩဇာပါ။ ရှေးပဝေသဏီကတည်းက ဘိုးဘွားဘီဘင်များ သုံးခဲ့ကြတဲ့ သဘာဝကရတဲ့ဒြပ်စင်များကို ခေတ်မီအဆင့်မြင့်နည်းပညာများသုံးပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ပေါချောင်ကောင်းဆိုတာထက် အဖိုးနည်းဝန်ပါဆိုရင် ပိုမှန်ပါလိမ့်မယ်။
Copyright © 2024 Shwe Tet Lann