ရွှေတက်လမ်း

သဘာဝမှိုရောဂါ ကာကွယ်ကုသဆေး

သုံးစွဲနိုင်သော သီးနှံများ

ကွမ်း၊ စပါး၊ ဂျုံ၊ ပြောင်း၊ မြေပဲ၊ နေကြာ၊ နှမ်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲယင်း၊ ပဲနောက်၊ ပဲကြီး၊ ကိတ်ဖြူ၊ ကိတ်ပြာ ပဲလွန်း၊ ပဲစာဥ စသောပဲအမျိုးမျိုး၊ ဗူး၊ ဖရုံ၊ သခွား စသော ဟင်းသီးဟင်းရွက်ပင်များ၊ ငရုတ်၊ ငရုတ်ကောင်း၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ ဂျင်း၊ ငရုတ်သီးစိမ်း စသော မီးဖိုချောင်သုံးသီးနှံပင်များ မာလကာ၊ ကျွဲကော၊ သရက်၊ ပိန္နဲ၊ နာနတ်၊ သစ်တော်၊ လိမ္မော်၊ ပန်းသီး၊ သံပုရာ၊ သင်္ဘော၊ နဂါးမောက် စသော ဥယျာဉ်သီးနှံပင်များ
နှင်းဆီပန်း၊ သစ်ခွပန်း၊ ဂန္ဓမာပန်း၊ လီလီပန်း၊ သစ္စာပန်း၊ နှင်းပန်း၊ သပြေပန်း စသော ပန်းအမျိုးမျိုးတို့တွင် အသုံးပြုနိုင်ပါသည်။

အသုံးပြုနိုင်သော ရောဂါများ

သီးနှံမျိုးစုံတွင်ကျရောက်တတ်သောမှိုရောဂါမျိုးစုံအတွက်အသုံးပြုနိုင်ပါသည်။ ဒေါင်းနီရွက်ခြောက်ရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ စပါးနီတိုသံဆိပ်သင့်ခြင်း၊ ရွက်ပျောက်ရှည်ရောဂါ၊ စပါး ရွက်ညိုပြောက်ရောဂါ၊ မှိုသီးရောဂါ၊ စပါးနှံမှဲ့စွန်းရောဂါ၊ စပါးလောင်မီးရောဂါ၊ အာလူးခရမ်းချဉ်စောပင်နာကျ၊ အာလူးခရမ်းချဉ် နှောင်းပင်နာကျ၊ ကွမ်းတွင်ဖြစ်တတ်သော ဒေါင်းမြီးကွက်ရောဂါ၊ ဆက်ရက်မျက်စေ့ရောဂါ ရေစိုနာ၊ ဆီစွန်းရောဂါ၊ ရိုးမဲဆစ်ပြုတ်ရောဂါ၊ ပန်းအမျိုးမျိုးတွင်ဖြစ်တတ်သော ပန်းသံချေးရောဂါ၊ မတ်ပဲသံချေးရောဂါ၊ ညှိုးသေရောဂါ၊ ပဲအမျိုးတွင်ဖြစ်တတ်သောရွက်ဝါရောဂါများကို ကာကွယ်ကုသနိုင်ပါသည်။

အသုံးပြုရန်အညွှန်း

အကျိုးကျေးဇူးများ

အပင်များ နှင့် အသီးအနှံများတွင် ပြင်းထန်စွာ ကျရောက်တတ်သော မှိုရောဂါမျိုးစုံကို လျင်မြန်စွာကုသနိုင်ရန် နှင့် ကြိုတင်ကာကွယ်နိုင်ရန် အဆင့်မြင့်ဖော်စပ်ထုတ်လုပ်ထားပါသည်။ သီးနှံအမျိုးမျိုးအတွက်လိုအပ်သောအများလိုနှင့် အနည်းလိုအာဟာရဓါတ်များပါဝင်ခြင်းကြောင့် ကျန်းမာသန်စွမ်းသောအပင်များရရှိခြင်း၊ ရာသီဥတုပြောင်းလဲမှုကိုခံနိုင်ရည်ရှိစေပြီး ပန်းပွင့်နှုန်း အသီးတင်နှုန်းကောင်းစေခြင်း စသောအကျိုးကျေးဇူးများရရှိစေပါသည်။ ဟင်းသီးဟင်းရွက်များ ကိုလည်း ကြာရှည်စွာအထားခံစေပါသည်။
ဓါတုပစ္စည်း လုံးဝ (လုံးဝ) မပါဝင်ခြင်းကြောင့် စိုက်ပျိုးသူ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အဆိပ်အတောက်မဖြစ်စေပါ။ ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သော အပင်များ၏ကျန်းမာရေးပြဿနာများ တားဆီးပေးနိုင်ပြီး တစ်ရာသီလုံး ကျန်းမာသန်စွမ်းသော အပင်များရှိစေပါသည်။

ပါဝင်သောအာဟာရဓာတ်များ

Trace Elements

မှတ်ချက်

အသုံးမပြုမီ ဆေးဗူးအား ကောင်းစွာလှုပ်ပြီးမှအသုံးပြုပါ။ အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။

ဆေးရည်ပါဝင်မှု – ၁ဝဝဝ စီစီ

Golden Concord Co.,Ltd

မှ ထုတ်လုပ်ဖြန့်ချိသည်